Myanmar Gospel Skit 2019 (နွားတင်းကုပ် ထဲတွင် စုရုံးခြင်း) Christians Hold a Meeting at Great Risk

  • 5 years ago
လတ်တလောတွင် ဘုရားမဲ့ဝါဒီ တရုတ်ကွန်မြူနစ်ပါတီအစိုးရ၏ ခရစ်ယာန်များအပေါ် ညှဉ်းဆဲခြင်းသည် တစ်နေ့ထက်တစ်နေ့ တိုးလာနေသည်။ ယုံကြည်သူများသည် သူတို့၏ ယုံကြည်မှုအား လက်တွေ့လုပ်ဆောင်ခြင်းအပေါ် ကန့်သတ်ခြင်းများကို အဆက်မပြတ် ကြုံတွေ့နေရကာ၊ ငြိမ်ချမ်းစွာ စုရုံးဖို့ရန် နေရာတစ်နေရာမှပင် ရှာ၍မတွေ့နိုင်ကြပေ။ ရွေးချယ်စရာအခြားမရှိဘဲ၊ လျူရှုမင်းသည် ညီအစ်ကို မောင်နှမများနှင့်အတူ စုရုံးခြင်းကို သူမ၏နွားတင်းကုပ်၌သာ လက်ခံဆောင်ရွက်နိုင်သည်။ သို့သော် ၎င်းတို့စုရုံးနေစဉ်အတွင်း၊ ရွာလူကြီးများသည် တစ်ယောက်နောက်တစ်ယောက် အနီးတဝိုက်တွင် လာရောက် ကြည့်ရှုကြပြီး အကြောင်းပြချက် အမျိုးမျိုးပြကာ ပြီးနောက် တရုတ်ကွန်မြူနစ်ပါတီအစိုးရရဲများကိုပါ အတွင်းသို့ ခေါ်ဆောင်လာသည်.... လျူရှုမင်းနှင့် သူမ၏ညီအစ်ကို မောင်နှမများ သူတို့၏ စုရုံးခြင်းကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်မည်လား၊ သူတို့ကို ရှာတွေ့သွားမည်လား၊ သူတို့ အဖမ်းခံရမည်လား၊ တရုတ်နိုင်ငံရှိ ခရစ်ယာန်များ တရုတ်ကွန်မြူနစ်ပါတီအစိုးရ၏ ညှဉ်းဆဲမှုအောက်တွင် သူတို့၏ ယုံကြည်ခြင်းကို မည်ကဲ့သို့ မဆုတ်မနစ်လုပ်ဆောင်ရန် စီမံကြောင်းကို သင့်အား ဤ နွားတင်းကုပ်ထဲတွင် စုရုံးခြင်း ဟာသပြဇာတ်တိုလေးက ထုတ်ဖော်ပြပေးသည်။

အကြံပြုခရစ်ယာန်ရုပ်ရှင်
ကောင်းကင်နိုင်ငံတော်ဟူသော ကျွန်ုပ်၏မျှော်လင့်ခြင်းအိပ်မက်
https://my.godfootsteps.org/videos/my-dream-of-heavenly-kingdom-movie.html

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤထုတ်လုပ်မှုတွင် ပါဝင်သည့် သရုပ်ဆောင်များသည် အမြတ်အစွန်းမယူသည့် လုပ်ဆောင်ချက်ဖြင့် တင်ဆက်ပြသပြီး မည်သည့်နည်းလမ်းနှင့်မျှ ငွေပေးချေခြင်း မခံရပါ။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

Recommended