ကိုရဲလွင် ကွယ်လွန်ခြင်း တနှစ်ပြည့်ပြီ (ရုပ်/သံ)
  • 5 years ago
ဧရာဝတီ၊ ဇူလိုင် ၁၀၊ ၂၀၁၉

လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်း အဖွဲ့ကို ဦးဆောင်ခဲ့သူ၊ ငြိမ်းချမ်းရေးဂစ်တာသမားကြီး ကိုရဲလွင် ကွယ်လွန်ခြင်း တနှစ်ပြည့် အခမ်းအနားကို တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ သရက်တောကျောင်းတိုက်မှာ ကိုရဲလွင်အတွက် ရည်စူးလို့ သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းခဲ့ပြီး ညနေပိုင်းမှာတော့ အမှတ်တရ အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အောက်မေ့ဖွယ် အခမ်းအနားမှာ ပန်းရဲ့လမ်း၊ သုံးရောင်ခြယ် လူမှုအကျိုးပြုကွန်ရက်နဲ့ ကိုရဲလွင်ကို ချစ်ခင်လေးစားကြသူတွေ၊ မိတ်ဆွေ လုပ်ဖော်ကိုင်ဖက်တွေ၊ ရဲဘော်ရဲဘက်တွေက အမှတ်တရ စကားပြောခြင်း၊ သီချင်းသီဆိုခြင်း၊ ကဗျာရွတ်ဆိုခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။

ရိုက်ကူး/တည်းဖြတ် - ဇော်နောင်လင်း
Recommended