ဧရာဝတီတိုင်းအတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ခန့်အပ်ရန် စိစစ်နေ

  • 5 years ago
ဧရာဝတီတိုင်းအတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ခန့်အပ်ရန် စိစစ်နေ
*************************
ဧရာဝတီတိုင်းဒေသကြီးတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ရွေးချယ်ခန့်ထားရန် စိစစ်မှုများ ပြုလုပ်နေကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အတွင်းရေးမှူး ဦးသန်းဆွေဝင်းက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရ၏ တတိယတစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး ဧရာရွှေဝါခန်းမတွင်မေလ၂၂ရက်နေ့က မီဒီယာများအား တွေ့ဆုံရှင်းလင်းစဉ်ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ကျန်နေတဲ့၂၀မှာ မြို့သစ်တွေထွက်လာတဲ့အပေါ်မှာဖြစ်လာတဲ့ ရပ်ကွက်၎ခုအတွက် ဖွဲ့စည်းပုံမကျဘဲ ကျန် ခဲ့တာဖြစ်ပြီး နောက်၂ခုက ကျန်းမာရေးမကောင်းလို့ နှုတ်ထွက်သွားတာဖြစ်ပါတယ်။ ဒါလေး ဆောင်ရွက် နေပါတယ်။ ကျန်နေတာ၁၄ခုဖြစ်ပါတယ်။
၆ခုက တိုင်စာတွေ ကျွန်တော်တို့ဆီ တက်ပါတယ်။ အဲဒီအပေါ်မှာ စိစစ်စဲဖြစ်ပါတယ်။ တချို့ရပ်ကွက်တွေက ဟိုဘက်ဒီဘက်ပြင်းထန်နေတာဖြစ်တဲ့အတွက် သတိထား လုပ်ကိုင်တာဖြစ်တဲ့အတွက်ကြန့်ကြာတာဖြစ်ပါတယ်”ဟု ဦးသန်းဆွေဝင်းက ပြောသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူး ဥပဒေအသစ်အရပြန်လည်ရွေးချယ်ခဲ့သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ဧရာဝတီ တိုင်းဒေသကြီးတွင် ရပ်ကွက်၂၈၉ခုနှင့် ကျေးရွာအုပ်စုပေါင်း ၁၉၀၈ ခု၌ အတည်ပြုခန့်ထားခဲ့ကြောင်း ခန့်ရန် ကျန်ရှိသော ရပ်ကွက် ၉ခုနှင့်ကျေးရွာအုပ်စု ၁၁ခုဖြစ်ကြောင်း၊ပြီးစီးမှု ၉၉ရာနှုန်းရှိကြောင်း သိရသည်။

ရိုက်ကူး- စည်သူမောင်မောင်
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Recommended