ဘာကြောင့် လက်ထိပ်ခတ်ရတာလဲလို့ နေမျိုးဇင် မေးခွန်းထုတ်

  • 5 years ago
ဘာကြောင့် လက်ထိပ်ခတ်ရတာလဲလို့ နေမျိုးဇင် မေးခွန်းထုတ်
*****************************************
တပ်မတော်ဂုဏ်သိက္ခာထိခိုက်စေသည်ဟုဆိုကာ ပုဒ်မ- ၅ဝ၅(က)(ခ)ဖြင့် တရားစွဲဆိုခံထားရသော ဗိုလ်ကြီး ဟောင်း ဦးနေမျိုးဇင်ကို ဧပြီလ ၃ဝ ရက်နေ့က ရန်ကုန်မြို့၊ တိုက်ကြီးမြို့နယ် တရားရုံးတွင် ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။

" တပ်မတော်ပြောင်းလဲဖို့ ကျွန်တော်ကပြောတာ ကျွန်တော်ကို လက်ထိပ်နဲ့ကြိုတယ်ဆိုတော့ ကျွန်တော်က ပြောလိုက်ဦးမယ်။ လက်နက်တွေ၊ စစ်သည်အင်အားတွေအများကြီးရှိတဲ့ ဗိုလ်ချုပ်ကြီးတွေက လက်နက်လည်း မရှိ၊ ဘာမှလည်းမရှိတဲ့ ကျွန်တော်ကို၊ နောက်မှာ ပြည်သူတွေပဲရှိတဲ့ ကျွန်တော်ကို ဘာကြောင့် ဒီလက်ထိပ်ခတ်ရတာလဲ။ အဲ့ဒီလောက် စိုးရိမ်ကြောင့်ကြကြီးနေလားလို့ ကျွန်တော့က မေးချင်ပါတယ်။" လို့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်က ပြောသည်။

ဗိုလ်ကြီးဟောင်း နေမျိုးဇင်သည် ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့တွင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်သည့် ဟောပြောပွဲ၌ ပြောဆိုချက် များမှာ တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်မှုဖြစ်စေသည်ဟုဆိုကာ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကြီးတိုးလင်းက တရားလိုပြုလုပ်ပြီး ယခုကဲ့သို့ တရားစွဲဆိုထားခြင်းဖြစ်ကြောင်းသိရသည်။

သတင်းရိုက်ကူး/တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

Recommended