ကာ/လုံ ဖျက်သိမ်းရန် ရခိုင်အမျိုးသားပါတီက ပြင်ဆင်ချက်တင်သွင်း (ရုပ်/သံ)

  • 5 years ago
ဧရာဝတီ၊ ဧပြီ ၂၂၊ ၂၀၁၉

နိုင်ငံတော် သမ္မတကို လုပ်ပိုင်ခွင့်ပိုရှိစေလိုတဲ့အတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ဖျက်သိမ်းဖို့ ရခိုင်အမျိုးသားပါတီက တင်ပြခဲ့တယ်လို့ ဦးအောင်ကျော်ဇံက ပြောပါတယ်။

ဒီနေ့ ကျင်းပတဲ့ ဖွဲစည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ၉ ကြိမ်မြောက်အစည်းအဝေးမှာ တင်ပြခဲ့ဖြစ်ပါတယ်။

ebအစည်းအဝေးမှာ အခြေခံဥပဒေ အခန်း ၅ အုပ်ချုပ်ရေး အခန်း၊ ပုဒ်မ ၁၉၉ ကနေ ပုဒ်မ ၂၃၅ အထိ ဆွေးနွေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ရိုက်ကူး - ထက်နိုင်ဇော်/ကျော်မျိုး

တည်းဖြတ် - ဝေယံမိုးမြင့်

Recommended