တောင်သာကျောင်းတိုက် ပဋိပက္ခ ဘာကြောင့်ဖြစ်သလဲ (ရုပ်/သံ)

  • 5 years ago


ဧရာဝတီ၊ ဧပြီ ၂၂၊ ၂၀၁၉

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ကြာပို့ကျေးရွာနဲ့ ကန်တော်ကျေးရွာအကြား ပိုင်ဆိုင်မှု အငြင်းပွား နေတဲ့ ငြိမ်းချမ်းတောရ ဓမ္မရိပ်သာ ကျောင်းတိုက်မှာ မြို့နယ်သံဃနာယက ခွင့်ပြုချက်မရှိဘဲ ဧပြီလ ၁၇ ရက်နေ့ နှစ်ဆန်း ၁ရက်နေ့က ပွဲကျင်းပတာကြောင့် နှစ်ဖက်ရွာသားတွေကြား ပဋိပက္ခဖြစ်ပွားခဲ့ကြပါတယ်။

အဲဒီဖြစ်ရပ်မှာ ၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၆ဦး မှာ အတွင်းလူနာအဖြစ် ကုသမှုခံယူ ခဲ့ရပါတယ်။

ပဋိပက္ခဖြစ်စဉ်ကို ကြာပို့ကျေးရွာသား ဦးဝင်းတင်က ကျောဇီနယ်မြေရဲစခန်းမှာ အမှုဖွင့်လှစ်ခဲ့ရာ ကြာပို့ကျေးရွာနဲ့ ကန်တော်ကျေးရွာမှ ရွာသား ၂၇ ဦးကို (ပ)၂၂/၂၀၁၉၊ ပုဒ်မ ၃၂၅၊ ၃၂၃၊ ၁၁၄၊ ၂၂၇၊ ၂၉၅ တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

ရိုက်ကူး- ဒီလှိုင်းဝင်း

တည်းဖြတ်- ဝေယံမိုးမြင့်

Recommended