ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီဝင် တွေရဲ့ ကတိသစ္စာပြုခြင်း အခမ်းအနား

  • 5 years ago
ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီဝင် တွေရဲ့ ကတိသစ္စာပြုခြင်း အခမ်းအနားကို မတ်လ ၁၂ ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့ မြို့တော်ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်မြို့တော်ဝန် ၊ ဒုတိယမြို့တော်ဝန်နဲ့ မြို့တော်စည်ပင်သာယာရေးကော်မတီဝင် တွေ အပါအဝင် မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ၊ အဖွဲ့ဝင်တွေက ကတိသစ္စာပြုခဲ့ကြတာပါ။

အသစ်ခန့်အပ်ခံရတဲ့ မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင်များ အနေနဲ့ မြို့နယ်အတွင်းရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်အောင် အရင်ဆုံး ပြုလုပ်သင့်တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီပွဲမှာ ပြောဆိုခဲ့ပါတယ်။

ရိုက်ကူး/တည်းဖြတ် - ဇေယျာမော်
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Recommended