၂၀၁၈ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိသူများ

  • 5 years ago
၂၀၁၈ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ရုပ်ရှင်တစ်သက်တာဆုတစ်ဆုအပာအဝင် အကယ်ဒမီဆုစုစုပေါင်း၁၂ဆု ချီးမြှင့်ခဲ့သည်။အမျိုးသားဇာတ်ဆောင်ဆုကို သူထူးစံ(မှော်ဝင်သမန်းကျား)၊ အမျိုးသမီးဇာတ်ဆောင်ဆုကို ဖွေးဖွေး(ရွှေကြာ)၊ အမျိုးသမီးဇာတ်ပို့ဆုကို အေးမြတ်သူ(နောင်တွင်ဥဒါန်းတွင်စေသတည်း)၊ အမျိုးသားဇာတ်ပို့ဆုကို ကျော်ကျော်ဗို(မုန်းစွဲ)၊ အကောင်းဆုံးဒါရိုက်တာဆုကို သြရသ(မုန်းစွဲ)၊ အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆုကို ဒါရိုက်တာဝိုင်း(ရွှေကြာ)၊ နောက်ခံတေးဂီတဆုကို ရှလုံးအမ်ရောနမ်(မျက်နှာပြင်များ)၊အကောင်းဆုံးရုပ်ရှင်ကားဆုကို ငွေသော်တာရုပ်ရှင်ထုတ်ရေး (ရွှေကြာ)၊ ဓာတ်ပုံဆုကို ဝင်းလွင်ထက်(မုန်းစွဲ)၊ ရုပ်ရှင်တည်းဖြတ်ဆုကို ကျော်ခိုင်စိုး(ရွှေကြာ)၊အသံဆုကို ကိုအေး(မုန်းစွဲ)၊ တစ်သက်တာဆုကို အကယ်ဒမီများရှင် ဒေါ်မြင့်မြင့်ခင်တို့က အသီးသီးရရှိခဲ့ကြသည်။
ရိုက်ကူး/တည်းဖြတ်-ဖူးအိအိနွယ်
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Recommended