ဆန်းသစ်တဲ့ ရေးဆွဲမှုတွေနဲ့ ရေပန်းစားနေတဲ့ မန္တလေးမြို့က ဆန်ကောပန်းချီ (ရုပ်/သံ)

  • 5 years ago
မန္တလေးမြို့ ကုသိုလ်တော်ဘုရားအနီးမှာ ဖွင့်လှစ်ထားတဲ့ မြန်မာ့ရိုးရာ လက်မှုအနုပညာလုပ်ငန်း ဆိုတဲ့ အရောင်းဆိုင်က ဆန်ကောပန်းချီတွေကို ပြည်တွင်းပြည်ပ ခရီးသွားတွေ စိတ်ဝင်တစား လာရောက်လေ့လာနေပြီး ရေပန်းစားနေပါတယ်။

အဲ့ဒီအရောင်းဆိုင်မှာ လက်မှုအနုပညာတွေနဲ့ တီထွင်ထားတဲ့ ဗူးသီးခြောက်ပန်းချီ ၊ အုန်းမုတ်ခွက်ပန်းချီ နဲ့ ဆန်ကောပန်းချီတွေကိုတွေ့ရှိရမှာဖြစ်ပြီး မြန်မာ့လက်မှုလုပ်ငန်းတွေ ဖွံဖြိုးလာဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။

ရိုက်ကူး - ဇော်ဇော် (ဧရာဝတီ)

တည်းဖြတ် - ဝေယံမိုးမြင့်

Recommended