မြန်မာတပ်မတော် နဲ့ AA တို့တိုက်ပွဲ ဒုက္ခသည် ၁၀၀၀ကျော် တိမ်းရှောင်(ရုပ်/သံ)

  • 5 years ago
ဧရာဝတီ၊ ဒီဇင်ဘာ ၂၄၊ ၂၀၁၈

ရက္ခိုင့်တပ်မတော် (AA) နဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ကျောက်တော်မြို့နယ် ယိုးချောင်းဖျားဒေသမှာ နေထိုင်ကြတဲ့ ရခိုင် ၊ မြို ၊ ခမီ စတဲ့တိုင်းရင်းသားတွေ စစ်ဘေးဒုက္ခ ခံစား နေရပါတယ်။

ဒီဇင်ဘာလ ၁၈ ရက်နေ့က သလူချောင်းကျေးရွာနဲ့ ပညာဝကျေးရွာ အနီးရှိတောင်တန်းတွေပေါ်ကို မြန်မာ့တပ်မတော်က ရဟတ်ယာဉ်သုံး တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာလ ၂၂ရက်နေ့အထိ ပစ်ခတ်မှုတွေ ရှိနေလို့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

လက်ရှိအချိန်မှာ င/စရိုင်းကိုင်း ၊ သလူချောင်း ၊ တောင်မင်းကုလား ၊ ကံစောက် စတဲ့ ကျေးရွာ တွေမှာ စစ်ဘေးဒုက္ခသည် ၁၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

ရိုက်ကူး- မင်းအောင်ခိုင်

တည်းဖြတ် - ဝေယံမိုးမြင့်

Recommended