ချို့တဲ့ကလေးငယ်များကို ဖေးမကူညီပေးမယ့် Be The Change Myanmar (ရုပ်/သံ)
  • 5 years ago
Be The Change Myanmar အစီအစဉ်ဟာ ကလေးငယ်များရဲ့ Wishes များကို ဒီဇင်ဘာပထမအပတ်ကစတင်ပြီး UAB wish angels များမှ ရန်ကုန်မြို့ရှိ မျက်မမြင်ကျောင်းများ ၊ မိဘမဲ့ကျောင်းများ ၊ ကလေးသူငယ်လုပ်သားများ အပါအဝင်ဆေးရုံများနှင့် အခြားသောအစိုးရမူလတန်းကျောင်းများမှ ကလေးငယ်များ၏ wish များအား သွားရောက်ကောက်ခံခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

ကောက်ခံရရှိခဲ့သည့် Wish များကိုတော့ UAB Bank website နှင့် facebook page များတွင်ဖော်ပြသွားမှာဖြစ်ပြီး ပါဝင်လှူဒါန်းလိုသည့် မည်သူမဆို ဝင်ရောက်ပါဝင်လှူဒါန်းနိုင်ကြရန်လည်း ဖိတ်ခေါ်ထားပါတယ်။

ယခုနှစ်ပွဲအားလာမည့်ဒီဇင်ဘာလ (၂၅) ရက်နေ့တွင် Junction Square ၌ ကျင်းပသွားမှာဖြစ်ပါတယ်။

သတင်း - ယုဖြူဟန် (ဧရာဝတီ)
Recommended