ပဲခူးရိုးမပေါ်မှာ အပန်းဖြေနိုင်တဲ့ Bago Yoma Eco Resort (ရုပ်/သံ)

  • 6 years ago
မြို့ပြရဲ့ မွန်းကြပ်မှုကနေ ရုန်းထွက်ပြီး တောတောင်ရဲ့ သဘာဝအလှကို ခံစားရင်း အပန်းဖြေချင်တယ် ဆိုရင်တော့ ပဲခူးရိုးမပေါ်က Bago Yoma Eco Resort ကို လမ်းညွှန်ချင်ပါတယ်။

Bago Yoma Eco Resort ဟာ ပြည်မြို့နဲ့ ၄၃ မိုင်ဝေးပြီး၊ ပြည်- ပေါက်ခေါင်း-အုတ်တွင်း ရိုးမဖြတ်လမ်း နံဘေးမှာ ရှိကာ ရန်ကုန်မြို့နေ လာမယ်ဆိုရင်တော့ ပြည်မြို့ကို ၆နာရီကျော် ကားစီးပြီးတဲ့နောက် ပေါက်ခေါင်းမြို့ကို ဆက်လက်သွား ရောက်ရမှာပါ။

ဧက ၂၅၀၀ ကျယ်တဲ့ ကျွန်းစိုက်ခင်းထဲမှာ Bago Yoma Eco Resort ကို တည်ဆောက်ထားတာဖြစ်ပြီး ရိုးမတောထဲမှာ တောတွင်းလမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ကျွန်းစိုက်ခင်းများနဲ့ လက်ကျန်သစ်တောများကို အပေါ်စီးမှ ကြည့်ရှုနိုင်ခြင်း၊ ငှက်ကြည့်ခြင်းတွေနဲ့ ကရင်တိုင်းရင်းသားကျေးရွာက ဂျပ်ခုတ် ထည်ယက်လုပ်မှုတွေနဲ့ ကရင်တိုင်းရင်းသား ရိုးရာဓလေ့ နေထိုင်မှုတွေကိုလည်း လေ့လာနိုင်ပါတယ်။

Recommended