ကမ္ဘာတ၀ှမ်းမှာ ကလေးငယ် ၂.၆ သန်းလောက်ဟာ သူတို့ကို မွေးဖွါးပြီး တလအတွင်းမှာပဲ သေဆုံးခဲ့ကြတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောလိုက်ပါတယ်။ အဲဒီလိုသေဆုံးသူအများ

  • 6 years ago
ကမ္ဘာတ၀ှမ်းမှာ ကလေးငယ် ၂.၆ သန်းလောက်ဟာ သူတို့ကို မွေးဖွါးပြီး တလအတွင်းမှာပဲ သေဆုံးခဲ့ကြတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောလိုက်ပါတယ်။ အဲဒီလိုသေဆုံးသူအများစုဟာ ကျန်းမာရေးဝန်ဆောင်မှုပိုင်းမှာ အားနည်းချက်ရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံကပါ။ အခုအခါမှာတော့ တက္ကစပ်ပြည်နယ် Houston မြို့ အခြေစိုက် Rice 360 ° အင်စတီကျု အဖွဲ့က အာဖရိက sub sahara ဒေသမှာ အဲဒီလို အသေအပျောက်နှုန်း ကျဆင်းသွားအောင် ကြိုးစားတဲ့အနေနဲ့ ဒေသတွင်းက ဆေးရုံတွေမှာ လိုအပ်တဲ့ ဆေးရုံသုံး ကိရိယာတွေကို လှုဒါန်းပေးနေပါတယ်။ VOA သတင်းထောက် Elizabeth Lee ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။

Recommended