သားသမီးေတြအေၾကာင္းေျပာျပလာတဲ့ ေျပတီဦးနဲ႔အိျႏၵာေက်ာ္ဇင္ေအာက္တိုဘာ - ၂၀ ၊၂၀၁၈ အႏုပညာရွင္ဇနီးေမာင္ႏွံေတြျဖစ္တဲ့ အကယ္ဒမီေျပတီဦးနဲ႔အကယ္ဒမီအိျႏၵာေက်ာ္ဇင္တုိ႔ဟာ
  • 5 years ago
သားသမီးေတြအေၾကာင္းေျပာျပလာတဲ့ ေျပတီဦးနဲ႔အိျႏၵာေက်ာ္ဇင္

ေအာက္တိုဘာ - ၂၀ ၊၂၀၁၈

အႏုပညာရွင္ဇနီးေမာင္ႏွံေတြျဖစ္တဲ့ အကယ္ဒမီေျပတီဦးနဲ႔အကယ္ဒမီအိျႏၵာေက်ာ္ဇင္တုိ႔ဟာ ေအာင္ျမင္တဲ့အႏုပညာရွင္ေတြျဖစ္ၾကသလို ပရိသတ္ေတြခ်စ္ရတဲ့ သူေတြပဲျဖစ္ပါတယ္။

အႏုပညာရွင္ျဖစ္တဲ့အေလ်ာက္ အလုပ္ေတြနဲ႔မအားလပ္တဲ့အခ်ိန္မွာ သားသမီးေတြအေပၚ အခ်ိန္ျပည့္ဂရုစိုက္မႈမေပးႏုိင္ေပမယ့္လည္း သိတတ္တဲ့ သားသမီးေတြေၾကာင့္ စိတ္ခ်မ္းသာရတယ္လို႔ အကယ္ဒမီအိျႏၵာေက်ာ္ဇင္ကေျပာပါတယ္။

အႏုပညာေဖ်ာ္ေျဖပြဲ၊ ရိုက္ကူးေရးေၾကာင့္ ခရီးေတြထြက္တဲ့အခါ သားသမီးေတြကို မေခၚသြားတတ္တဲ့ သူတုိ႔ဇနီးေမာင္ႏွံႏွစ္ေယာက္ဟာ သားသမီးေတြနားလည္တတ္ေစဖို႔ ၊ လိမၼာေရးျခားရွိေစဖိုိ႔အတြက္ သြန္သင္ရတာမ်ိဳးေတြရွိတယ္လုိ႔ အကယ္ဒမီေျပတီဦးကေျပာပါတယ္။

သားတစ္ေယာက္၊သမီးတစ္ေယာက္ပိုင္ဆုိင္ထားတဲ့ အကယ္ဒမီေျပတီဦးနဲ႔အကယ္ဒမီအိျႏၵာေက်ာ္ဇင္တုိ႔ရဲ႕ မိသားစုေႏြးေထြးမႈရွိေစဖို႔တစ္ေယာက္ကိုတစ္ေယာက္ဘယ္လုိျဖည့္ဆည္းေပးၾကသလဲ၊ဘယ္လုိနားလည္မႈထားၾကသလဲဆုိတာကို ေမးျမန္းထားပါတယ္။

ရုပ္သံသတင္းေထာက္ - ေအးျမတ္

(Unicode)

လိမ္မာရေးခြားရှိတဲ့သားသမီးတွေအကြောင်းပြောပြလာတဲ့ ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်

အောက်တိုဘာ - ၂၀ ၊၂၀၁၈

အနုပညာရှင်ဇနီးမောင်နှံတွေဖြစ်တဲ့ အကယ်ဒမီပြေတီဦးနဲ့အကယ်ဒမီအိန္ဒြာကျော်ဇင်တို့ဟာ အောင်မြင်တဲ့အနုပညာရှင်တွေဖြစ်ကြသလို ပရိသတ်တွေချစ်ရတဲ့ သူတွေပဲဖြစ်ပါတယ်။

အနုပညာရှင်ဖြစ်တဲ့အလျောက် အလုပ်တွေနဲ့မအားလပ်တဲ့အချိန်မှာ သားသမီးတွေအပေါ် အချိန်ပြည့်ဂရုစိုက်မှုမပေးနိုင်ပေမယ့်လည်း သိတတ်တဲ့ သားသမီးတွေကြောင့် စိတ်ချမ်းသာရတယ်လို့ အကယ်ဒမီအိန္ဒြာကျော်ဇင်ကပြောပါတယ်။

အနုပညာဖျော်ဖြေပွဲ၊ ရိုက်ကူးရေးကြောင့် ခရီးတွေထွက်တဲ့အခါ သားသမီးတွေကို မခေါ်သွားတတ်တဲ့ သူတို့ဇနီးမောင်နှံနှစ်ယောက်ဟာ သားသမီးတွေနားလည်တတ်စေဖို့ ၊ လိမ္မာရေးခြားရှိစေဖိို့အတွက် သွန်သင်ရတာမျိုးတွေရှိတယ်လို့ အကယ်ဒမီပြေတီဦးကပြောပါတယ်။

သားတစ်ယောက်၊သမီးတစ်ယောက်ပိုင်ဆိုင်ထားတဲ့ အကယ်ဒမီပြေတီဦးနဲ့အကယ်ဒမီအိန္ဒြာကျော်ဇင်တို့ရဲ့ မိသားစုနွေးထွေးမှုရှိစေဖို့တစ်ယောက်ကိုတစ်ယောက်ဘယ်လိုဖြည့်ဆည်းပေးကြသလဲ၊ဘယ်လိုနားလည်မှုထားကြသလဲဆိုတာကို မေးမြန်းထားပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်
Recommended