ဟာရီကိန်းမုန်တိုင်း Michael တိုက်ခတ်သွားပြီးနောက် ဖလော်ရီဒီမှာ နေထိုင်သူတွေဟာ သူတို့နေအိမ်က အပျက်အစီးတွေကို စတင်ရှင်းလင်းနေပါပြီ။ ဗုဒ္ဓဟူးနေ့မှာ အမေရိကန်ပြည်ထောင

  • 6 years ago
ဟာရီကိန်းမုန်တိုင်း Michael တိုက်ခတ်သွားပြီးနောက် ဖလော်ရီဒီမှာ နေထိုင်သူတွေဟာ သူတို့နေအိမ်က အပျက်အစီးတွေကို စတင်ရှင်းလင်းနေပါပြီ။ ဗုဒ္ဓဟူးနေ့မှာ အမေရိကန်ပြည်ထောင်စုကုန်းတွင်းပိုင်းကို ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်း မိုက်ခယ်ကို ပြင်းအားအဆင့် ၄ အဖြစ် သတ်မှတ်ခဲ့ပြီး တနာရီကို ၁၅၅ မိုင်နှုန်းနဲ့ လေပြင်းတိုက်ခတ်ခဲ့သလို မိုးအကြီးအကျယ်လည်း ရွာသွန်းခဲ့တာပါ။ အယ်လ်ဘားမား၊ တောင်နဲ့ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်တွေလည်း မုန်တိုင်းဒဏ်ခံရပါတယ်။ ဒီမုန်တိုင်းကြောင့်ေ၈ျာ်ဂျီယာပြည်နယ်မှာ အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်အပါအ၀င် လူပေါင်း ၆ ဦး သေဆုံးခဲ့သလို ကြာသပတေးနေ့မှာ အိမ်တွေနဲ့ လုပ်ငန်းပေါင်း ၇ သိန်းလောက်မှာလည်း လျှပ်စစ်မီးပြတ်တောက်နေပါတယ်။ VOA သတင်းထောက် Zlatica Hoke ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးပါလိမ့်မယ်။

Recommended