ဟောလိဝုဒ် လုပ်ငန်းရှင်ကြီး Harvey Weinstein က သူ့အတွက် အလုပ်လုပ်ပေးခဲ့သူ အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ ထိပါး စော်ကားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို လွန်ခဲ

  • 6 years ago
ဟောလိဝုဒ် လုပ်ငန်းရှင်ကြီး Harvey Weinstein က သူ့အတွက် အလုပ်လုပ်ပေးခဲ့သူ အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ ထိပါး စော်ကားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို လွန်ခဲ့တဲ့ တနှစ်ကျော်က the New York Times သတင်းစာကြီးက အသေးစိတ် ဖော်ပြခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာတော့ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကား တိုက်ခိုက်ခံရပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်ရေး အကြောင်းအရာတွေကို အမျိုးသမီးတွေက ထုတ်ဖော်ပြောဆိုခဲ့ကြပြီး တွစ်တာ လူမှုကွန်ယက်မှာ MeToo - ထပ်တူခံစားခဲ့ရပါတယ်ဆိုတဲ့ လှုပ်ရှားမှု ပေါ်ပေါက်လာတာပါ။ MeToo လှုပ်ရှားမှု ပေါ်ပေါက်လာတဲ့ တနှစ်တာ နောက်ပိုင်း ဒီလှုပ်ရှားမှုကြောင့် ခိုင်မာတည်တံ့တဲ့ အပြောင်းအလဲ တခုကို ဖော်ဆောင်နိုင်သလား ဆိုတဲ့ အပေါ် ဗွီအိုအေ သတင်းထောက် Dora Mekouar က စုစည်းတင်ပြထားပါတယ်။ မသိင်္ဂီထိုက် ပြောပြပေးမှာပါ။

Recommended