ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တော်မှာ အလင်းရောင်ပွဲတော် စတင်ကျင်းပအောက်တိုဘာ-၇၊၂၀၁၈ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တော်မှာ ရောင်စုံ မီးအလှတွေ ဖန်တီးပြသတဲ့ အလင်းရောင် ပွဲ

  • 6 years ago
ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တော်မှာ အလင်းရောင်ပွဲတော် စတင်ကျင်းပ
အောက်တိုဘာ-၇၊၂၀၁၈

ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တော်မှာ ရောင်စုံ မီးအလှတွေ ဖန်တီးပြသတဲ့ အလင်းရောင် ပွဲတော်ကို စတင် ကျင်းပခဲ့ပါတယ်။

နှစ်စဉ် ကျင်းပလေ့ရှိတဲ့ ဘာလင် အလင်းရောင် ပွဲတော်ဟာ အခုနှစ်မှာ ၁၃ ကြိမ်မြောက်ထိ ရှိလာခဲ့ပါပြီ။ အောက်တိုဘာ ၆ ရက် ဖွင့်ပွဲ အစီအစဉ်မှာတော့ LED မီးလုံး သေးသေးလေးတွေနဲ့ ယှက်ဖြာ ထုဆစ်ထားတဲ့ လူပုံတူ ရုပ်တုကြီးရယ်၊ မီးရောင် ဒီဇိုင်း အမျိုးမျိုး ပြောင်းလဲသွားအောင် ဖန်တီးထားတဲ့ ရုပ်မြင်သံကြား ထုတ်လွှင့်မှု မျှော်စင်ကြီးရယ်ကို စတင် ပြသခဲ့ပါတယ်။

ညပိုင်းမှာ မီးအလင်းရောင် အမျိုးမျိုးနဲ့ အလှဆင်ထားတဲ့ ဒီပွဲတော်မှာ အဆောက်အအုံပေါင်း ၇၀ လောက်ရဲ့ မျက်နှာစာတွေကိုလည်း လှပတဲ့ မီးရောင်ဒီဇိုင်းတွေ ထွန်းညှိ ပြင်ဆင်ထားပါတယ်။

ကမ္ဘာကျော် ဘရန်ဒန်ဘာ့ဂ် ဂိတ်ဝကြီးရယ်၊ ဘာလင် ဘုရားကျောင်းကြီးရယ် အပါအဝင် အထင်ကရ နေရာတွေမှာလည်း ရောင်စုံ မီးဆလိုက်တွေ လှမ်းထိုးပြီး အလှဆင်ထားတာကို တွေ့ရပါတယ်။

ဒီလို မီးအလှတွေ ဖန်တီးဖို့အတွက် ဂျာမန်နဲ့ နိုင်ငံတကာ အနုပညာရှင်တွေ ပူးပေါင်း ကြံဆခဲ့ကြတာ ဖြစ်ပါတယ်။ ဘာလင် အလင်းရောင် ပွဲတော်ကို အောက်တိုဘာ ၁၄ ရက်ထိ ကျင်းပသွားမယ်လို့ သိရပါတယ်။

Recommended