ဝေဖန်မှုပြင်းထန်နေတဲ့ ရွှေတိဂုံ စေတီ ကိစ္စ ဘုရားဂေါပက ရှင်းလင်းချက် (ရုပ်/သံ)

  • 6 years ago
ဧရာဝတီ ၊ စက်တင်ဘာ ၁၄ ၊ ၂၀၁၈

ရွှေတိဂုံဘုရားရဲ့ကြာမှောက်ကြာလှန် အစိတ်အပိုင်းမှာ တာဝန်ယူထားတဲ့ ကန်ထရိုက် လုပ်ငန်းကနေ ဘုရားရောင်တော်ဖွင့်ရာမှာ ဂေါပကအဖွဲ့ကို အသိမပေးဘဲ အပြင်းစား ဆိုက်ရာနိုက် ဓါတ်သတ္ထုရည်ကို အသုံးပြုခဲ့တယ်လို့ ဘုရားဂေါပက အဖွဲ့က ဆိုပါတယ်။

ဆိုက်ရာနိုက် ဓါတ်သတ္ထု ဆေးရည်ဟာအလွန် ပြင်းထန်တဲ့အတွက် နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ အရောင်ပြောင်းလဲမှု များဖြစ်ပေါ်ခဲ့ပြီး လူမှုကွန်ရက် စာမျက်နှာများမှာ ဝေဖန်မှုများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။

အဆိုပါ နေရာကို သတ်မှတ်ထားတဲ့ ရွှေပါဝင်မှုပမာဏ ပြည့်မှီခြင်း ရှိ မရှိကို သာသနာရေးဝန်ကြီးဌာနက ညွှန်ကြားချက်အတိုင်း စစ်ဆေးသွားမှာဖြစ်သလို လိုအပ်ပါကလည်း တာဝန်ယူလုပ်ဆောင်ခဲ့တဲ့ ကန်ထရိုက်ကို အရေးယူဆောင်ရွက် သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရိုက်ကူး/ တည်းဖြတ်- ဝေနှင်းထွဋ်

Recommended