လက်ရှိ ဒေါ်လာဈေးတက်နေတဲ့ကိစ္စအတွက် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ လုပ်ငန်းရှင်တွေ တွေ့ဆုံမည်နေဖြိုးဝင်းသြဂုတ်လ ၁၆ ရက်နေ့က ပြုလုပ်တဲ့ ရခိုင်ပြည်နယ်မှာ ပြန်လည်သင့်မြတ်

  • 6 years ago
လက်ရှိ ဒေါ်လာဈေးတက်နေတဲ့ကိစ္စအတွက် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ လုပ်ငန်းရှင်တွေ တွေ့ဆုံမည်

နေဖြိုးဝင်း

သြဂုတ်လ ၁၆ ရက်နေ့က ပြုလုပ်တဲ့ ရခိုင်ပြည်နယ်မှာ ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်းအေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ ဆောင်ရွက်ဖို့ ဖွဲ့စည်းလိုက်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲအပြီးမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မီဒီယာတွေရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေဆိုပါတယ်။

" အတိုင်ပင်ခံပုဂ္ဂိုလ်ရယ်၊ ဗဟိုဘဏ်ဥက္ကဌနဲ့ တာဝန်ရှိသူတွေရယ်၊ စီးပွားရေးဝန်ကြီးဌာနတွေရယ် အမြဲမပြတ် ဆွေးနွေးနေတယ်။ နောက် ဒီလနောက်ပိုင်းမှာ စီးပွားရေးနယ်ပယ်မှာရှိတဲ့ ပုဂ္ဂိုလ်တွေအကုန်လုံးနဲ့ အတိုင်ပင်ခံနဲ့ တွေ့ဖို့ရှိပါတယ်။ အဲဒါလည်း စီစဉ်နေတယ်။ ဆိုလိုတာက အစိုးရအပိုင်းက ပေါ်လစီကို ထိန်းညှိတဲ့အပိုင်း၊ လုပ်ငန်းရှင်တွေအပိုင်းက စီးပွားရေးနဲ့ပတ်သက်လို့ လူးသားလွန့်သာဖြစ်အောင် လုပ်ရမယ့်အပိုင်း၊ တချိန်ထဲမှာပဲ ကျွန်တော်တို့ဆီကို စီးပွားရေးပတ်သက်တဲ့ ပညာရှင်တွေ၊ လုပ်ငန်းရှင်တွေက အကြံဥာဏ်တွေ ရနေပါပြီ။ ဒါကို အတိုင်ပင်ခံရော၊ သမ္မတကြီးရော၊ စီးပွားရေးဆိုင်ရာတာဝန်ရှိသူတွေရော ပူးပေါင်းညှိနှိုင်းပြီး အကောင်းဆုံးဖြစ် အောင် ဆောင်ရွက်နေပါတယ် " လို့ သူက ပြောပါတယ်။

Recommended