ငြိမ်းစုစီဥပဒေကို ဆွေးနွေးဖို့ စာရင်းပေးတဲ့ လွှတ်တော်ကိုယ်စားလှယ် ၈၀ ဦးအထိရှိနေသြဂုတ်-၁၃၊၂၀၁၈တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၆၀ ဦးအပါအဝင် ကိုယ်စားလှယ် ၈၀ ဥ

  • 6 years ago
ငြိမ်းစုစီဥပဒေကို ဆွေးနွေးဖို့ စာရင်းပေးတဲ့ လွှတ်တော်ကိုယ်စားလှယ် ၈၀ ဦးအထိရှိနေ

သြဂုတ်-၁၃၊၂၀၁၈

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၆၀ ဦးအပါအဝင် ကိုယ်စားလှယ် ၈၀ ဦးအထိဆွေးနွေးမယ့် ငြိမ်းစုစည် ပဒေကို လွှတ်တော်ရဲ့အချိန်ပေးနိုင်မှုအပေါ်မှုတည်ပြီး အခုကျင်းပနေတဲ့ လွှတ်တော်မှာ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

အမျိုးသားလွှတ်တော်မှာ မတ်လ ၇ ရက်နေ့ က ဆွေးနွေးအတည်ပြုပြီးတဲ့ နောက်ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်း ((( ဥပဒေကြမ်းမှာ ဆွေးနွေးပြီးတော့ လွှတ်တော်ကိုတင်ပြထားပါတယ်။ ပြင်ဆင်ထားတာမရှိပါဘူး အမျိုးသားလွှတ်တော်ရဲ့အတည်ပြုချက်အတိုင်း ဖြစ်ပါတယ် ။ဆွေးနွေးတဲ့ကိုယ်စားလှယ်တွေများတဲ့အတွက် အချိန်တွက်ချက်ပြီးတော့ အချိန်ပေးနိုင်မှုပေါ်မှုတည်ပြီးတော့ အချိန်ပေးရမယ် ဒါကိုဘဲ လွှတ်တော်က အချိန်ပေးနိုင်တဲ့ တစ်နေ့မှာထည့်သွင်းမယ်လို့ ဥက္ကဌက ပြောပါတယ်။ )))))

အဲဒီ ငြိမ်းစုစည် ဥပဒေနဲ့ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီက ဆွေးနွေးမယ်ကိုယ်စားလှယ်အားလုံးကို ဖိတ်ကြားကာ တူတဲ့အချက်တွေကို စုပြီးဆွေးနွေးဖို့နဲ့ ကော်မတီက ပြင်ဆင်ပေးတာတွေကို လုပ်ဆောင်နိုင်ဖို့ ဆွေးနွေးညှိုနှိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အမည်စာရင်းတင်သွင်းထားတဲ့ ကိုယ်စားလှယ် အားလုံးက မိမိတို့ရဲ့အခွင့်အရေးအရ လွှတ်တော်အစည်းအဝေးခန်းမအတွင်းမှာပဲ ဆွေးနွေးလိုတဲ့အတွက်ကြောင့် သဘောတူညီမှုမရရှိခဲ့ဘူးလို့ သိရပါတယ်။

Recommended