Mission Impossible ဇာတ္ကားေတြမွာ သ႐ုပ္ေဆာင္ရတိုင္း သတၱိ ရွိေနတယ္ဆိုတဲ့ တြမ္ခ႐ုစ္ဇူလိုင္-၁၆၊၂၀၁၈ Mission Impossible ႐ုပ္ရွင္ေတြမွာ ကိုယ္တိုင္ စြန္႔စြန္႔စားစာ
  • 6 years ago
Mission Impossible ဇာတ္ကားေတြမွာ သ႐ုပ္ေဆာင္ရတိုင္း သတၱိ ရွိေနတယ္ဆိုတဲ့ တြမ္ခ႐ုစ္

ဇူလိုင္-၁၆၊၂၀၁၈

Mission Impossible ႐ုပ္ရွင္ေတြမွာ ကိုယ္တိုင္ စြန္႔စြန္႔စားစား သ႐ုပ္ေဆာင္ဖုိ႔ အၿမဲတမ္း သတၱိ ေကာင္းေနတတ္တယ္လုိ႔ တြမ္ခ႐ုစ္က ေျပာပါတယ္။

Mission Impossible ႐ုပ္ရွင္ေတြရဲ႕ ဆ႒မေျမာက္ ဇာတ္ကားျဖစ္တဲ့ Falloutကို ၿပီးခဲ့တဲ့ သီတင္းပတ္ကုန္က လန္ဒန္မွာ အထူးပြဲအျဖစ္ ျပသခဲ့ၿပီး ခ႐ုစ္ကိုယ္တုိင္ တက္ေရာက္ခဲ့ပါတယ္။ ဒီဇာတ္ကားဟာ ၂၀၁၅ တုန္းက အႀကီးအက်ယ္ ေအာင္ျမင္ခဲ့တဲ့ Mission Impossible – Rogue Nationရဲ႕ အဆက္ပါ။

လူစြန္႔စား ေအးဂ်င့္ အီသန္ဟန္႔အျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ ခ႐ုစ္ဟာ ဒီဇာတ္ကားမွာလည္း သူ႔ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေဟာင္းေတြျဖစ္တဲ့ ဆိုင္မြန္ပက္ဂ္၊ ေရဘက္ကာ ဖာဂူဆန္တို႔နဲ႔ ျပန္လည္ လက္တြဲထားပါတယ္။ အသက္ ၅၆ ႏွစ္အရြယ္ ခ႐ုစ္က Mission Impossible ဇာတ္ကားေတြမွာ သ႐ုပ္ေဆာင္ရတဲ့အခါ သာမန္ အခ်ိန္မွာ မလုပ္ရတဲ့ ကိစၥေတြကို ကိုယ္တိုင္ ဝင္စြန္႔စားဖို႔ သတၱိေတြ အလိုလို ေပၚလာတတ္ေၾကာင္း ေျပာပါတယ္။

လန္ဒန္က အထူးပြဲကို ခ႐ုစ္နဲ႔အတူ တြဲဖက္ သ႐ုပ္ေဆာင္ေတြျဖစ္တဲ့ ဟင္နရီ ကာေဗးလ္နဲ႔ ဗင္နက္ဆာ ကာဘီတို႔လည္း တက္ေရာက္ခဲ့ပါတယ္။ ဒီဇာတ္ကားကို ႏုိင္ငံတကာ ႐ုပ္ရွင္႐ံုေတြမွာ ဇူလုိင္ ၂၅ ရက္ကစၿပီး ႐ံုတင္ ျပသသြားမွာ ျဖစ္ပါတယ္။

Unicode

Mission Impossible ဇာတ်ကားတွေမှာ သရုပ်ဆောင်ရတိုင်း သတ္တိ ရှိနေတယ်ဆိုတဲ့ တွမ်ခရုစ်

ဇူလိုင်-၁၆၊၂၀၁၈

Mission Impossible ရုပ်ရှင်တွေမှာ ကိုယ်တိုင် စွန့်စွန့်စားစား သရုပ်ဆောင်ဖို့ အမြဲတမ်း သတ္တိ ကောင်းနေတတ်တယ်လို့ တွမ်ခရုစ်က ပြောပါတယ်။

Mission Impossible ရုပ်ရှင်တွေရဲ့ ဆဋ္ဌမမြောက် ဇာတ်ကားဖြစ်တဲ့ Falloutကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က လန်ဒန်မှာ အထူးပွဲအဖြစ် ပြသခဲ့ပြီး ခရုစ်ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာ ၂၀၁၅ တုန်းက အကြီးအကျယ် အောင်မြင်ခဲ့တဲ့ Mission Impossible – Rogue Nationရဲ့ အဆက်ပါ။

လူစွန့်စား အေးဂျင့် အီသန်ဟန့်အဖြစ် သရုပ်ဆောင်ထားတဲ့ ခရုစ်ဟာ ဒီဇာတ်ကားမှာလည်း သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေဖြစ်တဲ့ ဆိုင်မွန်ပက်ဂ်၊ ရေဘက်ကာ ဖာဂူဆန်တို့နဲ့ ပြန်လည် လက်တွဲထားပါတယ်။ အသက် ၅၆ နှစ်အရွယ် ခရုစ်က Mission Impossible ဇာတ်ကားတွေမှာ သရုပ်ဆောင်ရတဲ့အခါ သာမန် အချိန်မှာ မလုပ်ရတဲ့ ကိစ္စတွေကို ကိုယ်တိုင် ဝင်စွန့်စားဖို့ သတ္တိတွေ အလိုလို ပေါ်လာတတ်ကြောင်း ပြောပါတယ်။

လန်ဒန်က အထူးပွဲကို ခရုစ်နဲ့အတူ တွဲဖက် သရုပ်ဆောင်တွေဖြစ်တဲ့ ဟင်နရီ ကာဗေးလ်နဲ့ ဗင်နက်ဆာ ကာဘီတို့လည်း တက်ရောက်ခဲ့ပါတယ်။ ဒီဇာတ်ကားကို နိုင်ငံတကာ ရုပ်ရှင်ရုံတွေမှာ ဇူလိုင် ၂၅ ရက်ကစပြီး ရုံတင် ပြသသွားမှာ ဖြစ်ပါတယ်။
Recommended