အန္တရာယ်ရှိတဲ့ ဓာတ်ကြိုးတွေလဲဖို့လွှတ်တော်မှာအစိုးရကို မေးခွန်းထုတ်မယ် ဇူလိုင် - ၁၈ ၊၂၀၁၈ ရန်ကုန်တိုင်းအတွင်းက စိတ်မချရတဲ့ဓာတ်ကြိုးတွေကို အစိုးရအနေနဲ့ ဘယ်အချိ

  • 6 years ago
အန္တရာယ်ရှိတဲ့ ဓာတ်ကြိုးတွေလဲဖို့လွှတ်တော်မှာအစိုးရကို မေးခွန်းထုတ်မယ်

ဇူလိုင် - ၁၈ ၊၂၀၁၈

ရန်ကုန်တိုင်းအတွင်းက စိတ်မချရတဲ့ဓာတ်ကြိုးတွေကို အစိုးရအနေနဲ့ ဘယ်အချိန်မှာလဲလှယ်မလဲဆိုတဲ့ မေးခွန်းကိုလွှတ်တော်မှာ မေးမြန်းသွားမယ်လို့ တောင်ဒဂုံမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်ဦးညီညီကပြောပါတယ်။
လာမယ့်ရန်ကုန်တိုင်းလွှတ်တော်မှာ မေးမြန်းမှာဖြစ်တယ်လို့ ဦးညီညီကပြောပါတယ်။

လက်ရှိမှာလည်း တိုင်းအစိုးရအနေနဲ့ မြို့နယ်အချို့မှာ ဓာတ်ကြိုးလဲတာတွေကိုဆောင်ရွက်နေပေမယ့် တစ်ချို့နေရာတွေမှာ ကျန်ရှိနေသေးတယ်လို့လည်း ဦးညီညီကပြောပါတယ်။
တောင်ဥက္ကလာမှာ ဓာတ်လိုက်သေဆုံးခဲ့တဲ့ အသက်၁၃နှစ်အရွယ် ကလေးငယ်ရဲ့ဖြစ်ရပ်ကြောင့် လူအများစုက အစိုးရအပေါ်မေးခွန်းထုတ်ခဲ့တာတွေရှိခဲ့ပါတယ်။
အဲဒီ့ဖြစ်ရပ်နဲ့ပတ်သက်လို့ ကူညီထောက်ပံ့သူတွေရှိခဲ့ပြီး တိုင်းအစိုးရလျှပ်စစ်ဝန်ကြီးဒေါ်နီလာကျော်ကလည်း ကူညီခဲ့တာရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ်ဦးညီညီကပြောပါတယ်။
ဒီလိုဖြစ်ရပ်မျိုးတွေထပ်မဖြစ်ဖို့အတွက် အစိုးရရော သက်ဆိုင်ရာတာဝန်ရှိသူတွေအားလုံကပါ မြို့နယ်အသီးသီးမှာ ကြိုတင်ပြင်ဆင်တာတွေ လုပ်ဖို့လိုနေပြီလို့ ဦးညီညီကပြောပါတယ်။
လက်ရှိမှာ ရန်ကုန်တိုင်းအတွင်းဓာတ်ကြိုးလဲတဲ့လုပ်ငန်းကို မြို့နယ်၂၃မြို့နယ်မှာ ဆောင်ရွက်နေပြီး တစ်တိုင်းလုံးကဓာတ်ကြိုးတွေကိုလဲဖို့ ငွေကျပ်ဘီလီယံချီပြီးကုန်ကျမယ်လို့လည်း သိရပါတယ်။
ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်

Recommended