ဦးကိုကုိႀကီး ဦးေဆာင္တဲ့ ၈၈ျပည္သူ႔ပါတီ ပါတီနာမည္ေျပာင္းဖို႔လို ဇြန္ ၁၇၊ ၂၀၁၈၈၈ မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ ဦးကိုကုိႀကီး ဦးေဆာင္တဲ့ ရွစ္

  • 6 years ago
ဦးကိုကုိႀကီး ဦးေဆာင္တဲ့ ၈၈ျပည္သူ႔ပါတီ ပါတီနာမည္ေျပာင္းဖို႔လို

ဇြန္ ၁၇၊ ၂၀၁၈

၈၈ မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ ဦးကိုကုိႀကီး ဦးေဆာင္တဲ့ ရွစ္ေလးလံုးျပည္သူ႔ပါတီရဲ႕ နာမည္ကို ကန္႔ကြက္သူေတြရွိေနတဲ့အတြက္ နာမည္ အလံ၊ လိုဂိုေတြကို ေျပာင္းလဲၿပီး ျပန္လည္တင္ျပသြားရမယ္လို႔ သိရပါတယ္။

ပါတီနာမည္ေျပာင္းလဲျပင္ဆင္သတ္မွတ္နိုင္ေရးလုပ္ဖို႔ လာမယ့္ ဇြန္လ ၂၄ ရက္ေန႔မွာ စံုညီအစည္းအေ၀းေခၚယူၿပီး ညွိႏိႈင္းမႈေတြ လုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။

ပါတီတည္ေထာင္ခြင့္ရရွိဖို႔ ၿပီးခဲ့တဲ့ ၂၀၁၇ ဒီဇင္ဘာလကတည္းက ေရြးေကာက္ပြဲ ေကာ္မရွင္ထံကို လိုအပ္တာေတြ တင္ျပခဲ့ေပမယ့္ အခုအခ်ိန္ထိ ပါတီနာမည္ေၾကာင့္ ၾကန္႔ၾကာမႈေတြ ရွိေနတာပဲ ျဖစ္ပါတယ္။

ရွစ္ေလးလံုး နာမည္ဟာ ျပည္သူအမ်ားနဲ႔ သတ္ဆိုင္တဲ့ သမိုင္းျဖစ္တာေၾကာင့္ ရွစ္ေလးလံုး ျပည္သူ႔ပါတီ နာမည္ကို ၈၈ အေ၇းအခင္းမွာ ပါ၀င္ခဲ့ဖူးၾကတဲ့ ျပည္သူေတြက ကန္႔ကြက္ေနၾကတာပဲ ျဖစ္ပါတယ္ရွင္။

ရုပ္သံသတင္းေထာက္ - ယဥ္မြန္

(Unicode)

ဦးကိုကိုကြီး ဦးဆောင်တဲ့ ၈၈ပြည်သူ့ပါတီ ပါတီနာမည်ပြောင်းဖို့လို

ဇွန် ၁၇၊ ၂၀၁၈

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးကိုကိုကြီး ဦးဆောင်တဲ့ ရှစ်လေးလုံးပြည်သူ့ပါတီရဲ့ နာမည်ကို ကန့်ကွက်သူတွေရှိနေတဲ့အတွက် နာမည် အလံ၊ လိုဂိုတွေကို ပြောင်းလဲပြီး ပြန်လည်တင်ပြသွားရမယ်လို့ သိရပါတယ်။

ပါတီနာမည်ပြောင်းလဲပြင်ဆင်သတ်မှတ်နိုင်ရေးလုပ်ဖို့ လာမယ့် ဇွန်လ ၂၄ ရက်နေ့မှာ စုံညီအစည်းအဝေးခေါ်ယူပြီး ညှိနှိုင်းမှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ပါတီတည်ထောင်ခွင့်ရရှိဖို့ ပြီးခဲ့တဲ့ ၂၀၁၇ ဒီဇင်ဘာလကတည်းက ရွေးကောက်ပွဲ ကော်မရှင်ထံကို လိုအပ်တာတွေ တင်ပြခဲ့ပေမယ့် အခုအချိန်ထိ ပါတီနာမည်ကြောင့် ကြန့်ကြာမှုတွေ ရှိနေတာပဲ ဖြစ်ပါတယ်။

ရှစ်လေးလုံး နာမည်ဟာ ပြည်သူအများနဲ့ သတ်ဆိုင်တဲ့ သမိုင်းဖြစ်တာကြောင့် ရှစ်လေးလုံး ပြည်သူ့ပါတီ နာမည်ကို ၈၈ အရေးအခင်းမှာ ပါဝင်ခဲ့ဖူးကြတဲ့ ပြည်သူတွေက ကန့်ကွက်နေကြတာပဲ ဖြစ်ပါတယ်ရှင်။

ရုပ်သံသတင်းထောက် - ယဉ်မွန်

Recommended