မြန်မာ့အမျိုးသမီးသမဂ္ဂ (Burmese Women’s Union) က ၂၀၁၇ ခုနှစ်၊ ဧပြီလ၊ ၂၅ ရက်နေ့တွင် ရန်ကုန် အထည်ချုပ် လုပ်ငန်းခွင်ရှိ အမျိုးသမီး အလုပ်သမားများ၏ အခြေအနေ၊ လုပ်ငန်း

  • 6 years ago
မြန်မာ့အမျိုးသမီးသမဂ္ဂ (Burmese Women’s Union) က ၂၀၁၇ ခုနှစ်၊ ဧပြီလ၊ ၂၅ ရက်နေ့တွင် ရန်ကုန် အထည်ချုပ် လုပ်ငန်းခွင်ရှိ အမျိုးသမီး အလုပ်သမားများ၏ အခြေအနေ၊ လုပ်ငန်းခွင်အတွင်း တွေ့ကြုံရသည့် စိန်ခေါ်မှုများနှင့် အခွင့်အရေး ချိုးဖောက်မှုများ၊ ချို့တဲ့သော လုပ်ငန်းခွင် အခြေအနေများ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ လုပ်ငန်းခွင်ဘေးကင်း လုံးခြုံမှု မရှိခြင်း၊ အလုပ်သမားများဆိုင်ရာ မူဝါဒများနှင့် လုပ်ခလစာ လုံလောက်မှု မရှိခြင်း စသည့် အခြေအနေများကို မီးမောင်းထိုးပြသော “ပြုပြင်ပြောင်းလဲမှု နောက်ကွယ်မှ အမေ့လျော့ခံ အမျိုးသမီး အလုပ်သမများ” ဆိုသည့် ခေါင်းစဉ်ဖြင့် သုတေသန စာတမ်း၊ တစ်စောင်နှင့် (၂၅) မိနစ်ကြာ မှတ်တမ်းခွေ တစ်ခုကို ထုတ်လုပ် ဖြန့်ဝေ ခဲ့ပါသည်။ ထိုသုတေသနစာတမ်းနှင့် မှတ်တမ်းခွေသည် အချိန်ကာလအားဖြင့် ၁ နှစ်ကြာခဲ့ပြီးဖြစ်သော်လည်း အမျိုးသမီးများ၏ တောင်းဆိုချက်များသည် ပြောင်းလဲခြင်း တစုံတရာမရှိပဲ အခြေအနေဆိုးများနှင့် ယနေ့ထက်တိုင် ဆက်လက် ရင်ဆိုင်နေကြရသည်။ ထို့ကြောင့် ယခု ရုပ်သံမှတ်တမ်းကို ထုတ်လွှင့်ရခြင်းဖြစ်ပါသည်။

Recommended