၂ဝ၁၈ ခုနှစ်၊ မတ် ၂၀ ရက်၊ အင်္ဂါနေ့ မနက်ပိုင်း ဘီဘီစီမြန်မာပိုင်း အစီအစဉ်တွေကို လန်ဒန်မြို့ကနေ တိုက်ရိုက် ထုတ်လွှင့် နေပါတယ်။တရုတ်၊ အိန္ဒိယ၊ အမေရိကန်၊ ဗြိတိန်စတဲ့

  • 6 years ago
၂ဝ၁၈ ခုနှစ်၊ မတ် ၂၀ ရက်၊ အင်္ဂါနေ့ မနက်ပိုင်း ဘီဘီစီမြန်မာပိုင်း အစီအစဉ်တွေကို လန်ဒန်မြို့ကနေ တိုက်ရိုက် ထုတ်လွှင့် နေပါတယ်။

တရုတ်၊ အိန္ဒိယ၊ အမေရိကန်၊ ဗြိတိန်စတဲ့ နိုင်ငံပေါင်း ၂၀ ကျော်က စစ်သံမှူး ၂၃ ယောက် ရခိုင်ပြည်နယ် မောင်တောကို ဘာတွေ သွားလုပ်ခဲ့ပါသလဲစတဲ့ ပြည်တွင်း သတင်းတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။



မူးယစ်ဆေးဝါး မှောင်ခိုကူးတဲ့သူတွေကို သေဒဏ်အပါအ၀င် ပြင်းထန်တဲ့ ပြစ်ဒဏ် ချမှတ်ဖို့ အမေရိကန် သမ္မတ ထရမ့် ဘာကြောင့် လိုလားနေတာပါလဲ ဆိုတဲ့ ထိပ်တန်းရောက် နိုင်ငံတကာ သတင်းတွေကိုလည်း တင်ဆက်ပေးဖို့ ရှိနေပါတယ်။

နောက်ပိုင်းမှာလည်း ထိုင်း-မြန်မာနယ်စပ် စီးပွားရေး သတင်းနဲ့ အင်္ဂလိပ်စာ ပို့ချချက် အစီအစဉ်ကိုလည်း နားဆင်နိုင်မှာ ဖြစ်ပါတယ်။



#ဘီဘီစီမြန်မာပိုင်း

Recommended