လုံခြုံစိတ်ချရမှုမရှိတဲ့ ကိုယ်ဝန်ဖျက်ချခြင်းနဲ့ သိထားသင့်တာတွေ

  • 7 years ago
မိခင်သေနှုန်းများရတဲ့ အကြောင်းရင်းမှာ လုံခြုံစိတ်ချရမှုမရှိတဲ့ ကိုယ်ဝန်ဖျက်ချခြင်းကြောင့် သေဆုံးတာက အဓိကအကြာင်းရင်းအနေနဲ့ ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာက ကိုယ်ဝန်ဖျက်ချတာကို တရားဥပဒေအရ ခွင့်မပြုထားဘဲ ဖျက်ချသူရော ဖျက်ချပေးသူပါ အရေးယူခံရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပြင်ပက မတတ်ကျွမ်းသူတွေနဲ့ တိတ်တဆိတ်ဖျက်ချရမှာ မလိုလားအပ်တဲ့ သေဆုံးမှုနှုန်းတွေ ဖြစ်လာပါတယ်။

အဓမ္မပြုကျင့်ခံရလို့ ဖျက်ချသူတွေ ၊ မိခင်မှာ ရောဂါခံစားနေရသူတွေ ၊သန္ဓေသားမှာ ကြီးမားတဲ့ ချို့ယွင်းချက်ရှိသူတွေအတွက် ကိုယ်ဝန်ဖျက်ချခွင့်ကို ဥပဒေအရ တရားဝင်ခွင့်ပြုဖို့လိုမလား မဖြစ်မနေ ဖျက်ချဖို့လိုသူတွေအတွက် အသက်အန္တရာယ်မရှိအောင် ဘယ်လိုလုပ်ဆောင်မလဲဆိုတာ စဉ်းစားစရာတွေ ဖြစ်လာတာပါ။

ကလေးမလိုချင်ရင်ကြိုတင်ကာကွယ်ပါ ။ ကြိုတင်ကာကွယ်မှုမရှိခဲ့လို့ လိုလားအပ်တဲ့ ကိုယ်ဝန်တွေ ရှိလာတဲ့အခါ မဖြစ်ဖြစ်တဲ့နည်းနဲ့ ဖျက်တဲ့အခါ အသက်အန္တရယ် စိုးရိမ်ရတဲ့အတွက် သတိပြုသင့်တာတွေကို ဆရာဒေါက်တာမြင့်ဦးက ပြောပြပေးထားပါတယ် ။

Recommended