မက္ကဆီကို နယ်စပ်မှာ ကာရံမယ့် တံတိုင်းအတွက် နမူနာပုံစံတွေ စဆောက်

  • 7 years ago
မက္ကဆီကိုနဲ့ နယ်စပ်တလျှောက် ကာကွယ်ထားရှိမယ့် တံတိုင်း နမူနာတွေ အမေရိကန်နိုင်ငံမှာ စတင် တည်ဆောက်နေပြီ ဖြစ်ပါတယ်။

ဆန်ဒီယေဂိုမှာ တည်ဆောက်နေတဲ့ နမူနာ ရှစ်မျိုးဟာ ဒီဇိုင်းအရရော၊ ပါဝင်ဖွဲ့စည်းတဲ့ ပစ္စည်းတွေ အရပါ သိသိသာသာ ခြားနားမှုတွေ ရှိနေပါတယ်။ စာရင်းပေးသွင်းထားတဲ့ ကုမ္ပဏီတွေက အရှည်ပေ ၃၀ နဲ့ အမြင့် ပေ ၃၀ ရှိတဲ့ တံတိုင်းပုံစံတွေကို တစ်လအတွင်း တည်ဆောက်ရမှာ ဖြစ်ပါတယ်။ တံတိုင်းနမူနာ တစ်ခုကို ဒေါ်လာ လေးသိန်းနဲ့ ငါးသိန်းကြားလောက် ကျသင့်မယ်လို့လည်း သိရပါတယ်။

ကုမ္ပဏီ လေးခုရဲ့ ဒီဇိုင်းနမူနာ ရှစ်ခုထဲကမှ အပြီးသတ် တစ်မျိုးကို နောက်ဆုံးတည်ဆောက်မှုအတွက် ရွေးချယ်မှာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ရွေးကောက်ပွဲကြို မဲဆွယ်စဉ် ကတည်းက သူသာ သမ္မတ ဖြစ်လာင် တရားမဝင် ရွှေ့ပြောင်း လုပ်သားတွေကို တားဆီးဖို့ မက္ကဆီကိုနဲ့ နယ်နိမိတ်တလျှောက် တံတိုင်းကာသွားမယ်လို့ ကတိပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ စီမံကိန်းနဲ့ ပတ်သက်ပြီး အတိုက်အခံပြု ဝေဖန်မှုတွေလည်း ပြင်းပြင်းထန်ထန် ထွက်ပေါ်နေတယ်လို့ သိရပါတယ်။

Recommended