၂၉ နှစ်ပြည့်သွားတဲ့ တ.စ.ည ပါတီအခမ်းအနားက ဘာတွေဆွေးနွေးသလဲ

  • 7 years ago
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့ ၂၉နှစ်မြောက်အခမ်းအနားကို ဒီကနေ့စက်တင်ဘာ၂၄ရက်မှာ ပါတီရဲ့ဗဟိုကော်မတီဌာနချုပ်မှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီ့အခမ်းအနားမှာ ပါတီအဓွန့်ရှည်ရေးနဲ့ပါတီရဲ့အခန်းကဏ္ဍမြင့်မားဖို့၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေရှင်သန်အောင်မြင်ဖို့၊ ရခိုင်ပြည်နယ်အရေးစတဲ့ အချက်တွေကို အဓိကထား ဆွေးနွေးကြတာဖြစ်ပါတယ်။

၂၀၂၀ရွေးကောက်ပွဲမှာ အောင်မြင်မှုရရှိဖို့အတွက် ပါတီရဲ့လုပ်ငန်းစဉ်နဲ့ဆောင်ရွက်ချက်တွေ၊ ၂၁ရာစုပင်လုံညီလာခံမှာ ပါတီရဲ့ပါဝင်မှုအခန်းကဏ္ဍ စတာတွေကို ပါတီခေါင်းဆောင်တွေက အဲဒီ့အခမ်းအနားမှာ ရှင်းလင်းတင်ပြကြတာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်

Recommended