ရှမ်းပြည်နယ်က လှေပြိုင်ပွဲ

  • 7 years ago
ရှမ်းပြည်နယ်တောင်ပိုင်း၊ပုံးအင်းဒေသက ရိုးရာလှေပြိုင်ပွဲကိုဒီနေ့  စက်တင်ဘာ ၂၃ ရက်မှ ၂၄ ရက်အထိ နှစ်ရက်တိုင်ကျင်းပနေပါတယ်။ဟိုပုံးမြို့နယ်၊ နောင်ရာဆိုင်းကျေးရွာ၊ ပုံးအင်းဒေသဟာ ကုန်း ၆ လ ၊ ရေ ၆ လ နေထိုင်ရတဲ့ ဒေသဖြစ်ပြီး ရေရှိသည့်အချိန်မှာ လှေပြိုင်ပွဲ ကျင်းပတာ ဖြစ်ပါတယ် ။

ဒီနှစ်ဟာ ဒုတိယအကြိမ်မြောက် လှေပြိုင်ပွဲ ကျင်းပတာ ဖြစ်ပြီး ပုံးအင်းဒေသရိုးရာ ယဉ်ကျေးမှု မပျောက်ပျက်အောင်ထိန်းသိမ်းဖို့ မျိုးဆက်သစ် အားကစားသမားတွေ ထွက်လာဖို့ ၊ပုံးအင်းဒေသ ဓလေ့ရိုးရာ ယဉ်ကျေးမှုကို ကမ္ဘာအနှံ့ သိစေဖို့ အတွက် ရည်ရွယ်တာလို့ ပုံးအင်းဒေသ ရိုးရာလှေပြိုင်ပွဲကျင်းပရေးကော်မတီက ဦးစိုင်းဆောင်း ကပြောပါတယ်။

ပုံးအင်းဒေသမှာ ကျေးရွာ ၄၀ ကျော်ရှိတဲ့ထဲက ၂၁ ရွာခန့် က လှေပြိုင်ပွဲမှာ လာရောက်ယှဉ်ပြိုင်နေကြတယ်လို့ သိရပါတယ်။လှေပြိုင်ပွဲကို လေးယောက်တွဲ တစ်သင်း၊ ခြောက်ယောက်တွဲ တစ်သင်း၊ ငါးဦးတွဲတစ်သင်း လို့ ခွဲခြားထားပြီး အမျိုးသမီးပြိုင်ပွဲ၊ အမျိုးသားပြိုင်ပွဲတွေ ပါဝင်တာပါ။

ရုပ်သံသတင်းထောက်-ဂျွန်ချစ်ငြိမ်း

Recommended