ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အမျိုးသမီးပါဝင်မှု ၃၀ ရာခိုင်နှုန်းအထိ ပါလာနိုင်ဖို့လုပ်မယ်

  • 7 years ago
ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေ ပါဝင်မှုကို ၃၀ ရာခိုင်နှုန်းအထိ ပါဝင် လာ စေ ဖို့အတွက် ဆောင်ရွက်သွားမယ်လို့ အမျိုးသမီးအဖွဲ့အစည်းတွေက ဆိုလိုက်ပါတယ်။ဒီကနေ့ စက်တင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်းက ပြုလုပ်တဲ့ ရေရှည်တည်တံ့ပြီး စစ်မှန်သောငြိမ်းချမ်းရေး ထံ အမျိုးသမီးတို့ထံ ဆိုတဲ့ ဖိုရမ်မှာ အမျိုးသမီးအဖွဲ့အစည်းတွေက ဆွေးနွေးခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေအနေနဲ့ ပထမအကြိမ်မှာ ၇ ရာခိုင်နှုန်း၊ ဒုတိယအကြိမ်မှာ ၁၃ ရာခိုင်နှုန်းနဲ့ တတိယအကြိမ်မှာတော့ ၁၇ ရာခိုင်နှုန်း ပါဝင်လာပြီ ဖြစ်တာကြောင့် နောက်တစ်ကြိမ် ငြိမ်ချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေပါဝင်မှုက ပိုမိုလာစေဖို့လုပ်ဆောင်သွားမယ်လို့ ငြိမ်းဖောင်ဒေးရှင်းက မနန်ရှန်က ပြောပါတယ်။

လက်ရှိဦးဆောင်နေတဲ့ အမျိုးသမီးခေါင်းဆောင်တွေအပြင် အခြားသော တက်သစ်စ လူငယ်အမျိုးသမီး ခေါင်းဆောင်တွေ များစွာ ပေါ်ထွက်လာစေဖို့အတွက်လည်း လုပ်ဆောင်ရမှာဖြစ်ကြောင်း မနန်ရှန်က ပြောပါတယ်။ဒီပွဲမှာတော့ အမျိုးသမီးအဖွဲ့အစည်းတွေက ငြိမ်းချမ်းရေးနဲ ပတ်သက်ပြီး ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေ အတွေ့အကြုံတွေကို ဖလှယ်ခဲ့ကြသလို၊ ငြိမ်းချမ်းရေး တေးသံရှင် စောဖိုးခွားကလည်း ငြိမ်းချမ်းရေးတေးသီချင်းတွေနဲ့ ဖျော်ဖြေခဲ့တာပဲ ဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - ယဉ်မွန်

Recommended