သက်ကြီး လူရွှင်တော်ကန်တော့ပွဲ ပြုလုပ်

  • 7 years ago
ဇာတ်သဘင်နဲ့ အငြိမ့်စင်တွေမှာ ကပြဖျော်ဖြေခဲ့ကြတဲ့ သက်ကြီး၊ ၀ါ ကြီး လူရွှင်တော်တွေကို လူရွှင်တော် အသင်းနဲ့အတူ တက်သစ်စ လူရွှင်တော်တွေ စုပေါင်းပြီး သက်ကြီးလူရွှင်တော်ကန်တော့ပွဲတစ်ခုကို ဒီကနေ့ စက်တင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက ကျိုက္ကဆံဘုရားဝန်းထဲမှာ ရှိတဲ့ ကျိုက္ကဆံဓမ္မာရုံမှာ ပြုလုပ်ခဲ့ပါတယ်။

ဒီပွဲမှာတော့ ရှေးအရင်တည်းက လူကြိုက်များတဲ့ ဦးစံမတူ၊ ဦးပလာတာ၊ ဦးမိုးဒီ၊ ဦးစိန်ရိုး၊ ဦးတိမ်ညွှန့်၊ ဦးမန်းဝင်း၊ ဦးဝင်းနိုင် အပါအ၀င် အသက် ၆၅ နှစ်အထက် သက်ကြီး လူရွှင်တော်တွေအပါအ၀င် မရှိနွမ်းပါးတဲ့လူရွှင်တော်ကြီးတွေကို ကန်တော့ခဲ့ကြတာပဲ ဖြစ်ပါတယ်။

အခုလို သက်ကြီးလူရွှင်တော်တွေကို မမေ့ကြဘဲ ကန်တော့ကြတဲ့အတွက် ၀မ်းသာမိကြောင်းနဲ့ အခုခေတ် ဇာတ်က အငြိမ့်ကကြတဲ့ကလေးတွေအနေနဲ့ နောက်ပိုင်းဇာတ်ထုတ်တွေ မကကြတဲ့အပေါ်မှာလည်း သက်ကြီးလူရွှင်တော်တစ်ဦးဖြစ်တဲ့ ဦးစိန်ရိုးက အခုလို ထောက်ပြပြောဆိုခဲ့ပါတယ်။

သက်ကြီးလူရွှင်တော်ပွဲကို အခုလို ပြုလုပ်လာတာ အခုနှစ်နဲ့ပါဆိုခုနှစ် နှစ်ရှိပြီဖြစ်ပြီး၊ အခက်အခဲတွေနဲ့ ကြုံရပေမယ့်လည်း နှစ်စဉ်မပြတ် အခုလို အသက်အရွက်ကြီးရင့်တဲ့ လူရွှင်တော်တွေကို ကန်တော့နိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း သိရပါတယ်။

ရုပ်သံသတင်းထောက် - ယဉ်မွန်

Recommended