မြင်ကွင်းကျယ်တွေကို ပိုပြည့်စုံစေမယ့် 360 နဲ့ Panorama

  • 7 years ago
ခရီးထွက်လို့ တစ်နေရာရောက်တိုင်း ရောက်တိုင်းမှာ အောင်ပြည့်စိုးအတွက်တော့ အသစ်အသစ်တွေကို ဖန်တီးပြဖို့ အမြဲစိတ်အားထက်သန်နေတာပါပဲ။ ဒီတစ်ခါမှာလဲ မှတ်တမ်းတင်ဓာတ်ပုံလေးတွေ ရိုက်တဲ့အခါမှာ ကိုယ့်ပတ်ဝန်းကျင်က အခြေအနေတွေကို ဓာတ်ပုံအဖြစ် ဖန်တီးသိမ်းဆည်းထားချင်တဲ့ ပရိသတ်တွေအတွက် မြင်ကွင်းကျယ် Panorama ဓာတ်ပုံရိုက်နည်းနဲ့ အခုခေတ်မှာမှ ခေတ်စားလာခဲ့တဲ့ 360 ဒီဂရီကင်မရာ ဘယ်လိုရိုက်ရမလဲ ဆိုတာကို ပြောပြပေးမှာပါ။

အစီအစဉ် တစ်လျောက်လုံးမှာ Landscape ဓာတ်ပုံဆရာ အောင်ပြည့်စိုးက စမတ်ဖုန်းကင်မရာ အသုံးချနည်းတွေကို လက်တွေ့ ပြောပြပေးသွားမှာပါ။ Smartphone Photographer အစီအစဉ်ကို ကြာသပတေးနေ့ မနက် ၈ နာရီတိုင်းမှာ 7Day TV မှာ စောင့်မျှော်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Recommended