မယ်စကြဝဌာ ( မြန်မာ) ၂၀၁၈ ရဲ့ ပြိုင်ပွဲဝင်အလှမယ်တွေ မြဝတီမြို့မှာ ဘာတွေလုပ်လဲ

  • 7 years ago
မယ်စကြဝဌာ ( မြန်မာ) ၂၀၁၈ ရဲ့ ပြိုင်ပွဲဝင် အလှမယ်တွေဟာ လူမှုရေးခရီးစဉ် အဖြစ် မြဝတီ မြို့မှာ ရောက်ရှိနေပါတယ်။

အလှမယ်တွေ ဟာ သြဂုတ်လ ၈ ရက်မှာတော့ မြဝတီမြို့ က ဘုရင့်နောင်ဈေးမှာ လူကုန်ကူးမှု တိုက် ဖျက် ရေး၊ H1N1 ရောဂါ ကြိုတင်ကာကွယ်ရေး ၊ မူးယစ်ဆေးဝါးတားဆီးရေး ၊မှုခင်းကျဆင်းရေး စတာ တွေကို နှိုးဆော်တဲ့အနေနဲ့ လမ်းကမ်းစာစောင်ဝေတာကို ဌာနဆိုင်ရာက တာဝန်ရှိသူတွေနဲ့ ပူးပေါင်း လုပ် ဆောင်ခဲ့ကြပါတယ်။

အဲဒီနောက်မှာ တော့ ထိုင်းနိုင်ငံ က ပြန်လာကြတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေကို သွားရောက်တွေ့ဆုံပြီးအားပေးစကားပြောတာတွေလဲပြုလုပ်ခဲ့ပါသေးတယ်။

နေလယ်ပိုင်းမှာတော့ မဲဆောက်မြို့မှာရှိတဲ့ မယ်တော်ဆေးခန်းကို သွားရောက်လေ့လာခဲ့ပြီး ရေသန့်၊ အချိုရည် ၊ ဆပ်ပြာ ၊ ခေါင်းလျှော်ရည်နဲ့ စာအုပ် တွေ လှူ ဒါန်းခဲ့ကြပါတယ်။

မယ်စကြဠာ (မြန်မာ) ၂၀၁၈ ပြိုင်ပွဲဝင်တွေဟာ လူမှုရေးခရီးစဉ်အဖြစ် သြဂုတ် ၇ ရက်က ကရင်ပြည်နယ် ကိုသွားရောက်ခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ သြဂုတ်လ ၉ ရက်မှာတော့ မြိုင်ကြီးငူဆရာတော်ကို သွားရောက် ဖူးမျှော်မယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - ဇွဲဥာဏ်

Recommended