ပြည်တွင်းမှာ လူကြိုက်များခဲ့တဲ့ နစ်ဆန်း ဆန်နီ ကားသစ်ကို ၂၀၆သိန်းနဲ့ရောင်းမယ်

  • 7 years ago
ပြည်တွင်းမှာ တပ်ဆင်ထုပ်လုပ်တဲ့ NISSAN ရဲ့ နာမည်ကြီး မော်ဒယ်ဖြစ်တဲ့ Nissan Sunny ကို ၂၀၆သိန်းနဲ့ ဈေးကွက်ထဲကို စတင်ဖြန့်ချိရောင်းချသွားမယ်လို့ သတင်းရရှိပါတယ်။ NISSAN ကားတွေကို မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်အဖြစ် တန်ချောင်မော်တာ (မလေးရှား)မှ ပြည်တွင်းမှာ စတင် တပ်ဆင် ထုတ်လုပ်နေပြီး ဈေးကွက်ကို စတင် မိတ်ဆက်ရောင်းချတော့မှာဖြစ်ပါတယ်။အခုရောင်းချမယ့် အင်ဂျင်ပါဝါ ၁၅၀၀ ရှိတဲ့ နစ်ဆန်းဆန်နီကို MT SV SL ဆိုပြီး ဂရိတ်သုံးမျိုးခွဲခြားထားပြီး အနိမ့်ဆုံး ၂၀၆ သိန်းမှ ၂၄၄သိန်း အထိ ဈေးကို ခွဲခြားထားကြောင်း သိရပါတယ်။
ရုပ်သံသတင်းထောက်- အောင်ဖြိုးမွန်၊ ဘိုဘတီ

Recommended