မန္တလေး-မူဆယ် လမ်းပေါ်က သိန္နီရေပူစစ်ဆေးရေးဂိတ် ပြန်လည်ဖွင့်လှစ်

  • 7 years ago
ငါးနှစ်ကျော်ခန့်ကြာ ပိတ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး-မူဆယ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ရေပူစစ်ဆေးရေးဂိတ်ကို ဒီနေ့ ဇန်န၀ါရီ (၁၆)ရက် မနက်ပိုင်းက ပြန်လည် ဖွင့်လှစ်ခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်က တရားမ၀င် ကုန်သွယ်မူတွေ၊ အေးခဲအသားငါးနဲ့ အန္တရာယ်ရှိ စားသောက်ကုန်တွေ ၀င်ရောက်လာနေတာကို စိစစ်ထိန်းချုပ်နိုင်ဖို့ အတွက် ရေပူစစ်ဆေးရေးဂိတ်ကို ပြန်လည်ဖွင့်လှစ်တာလို့ စစ်ဆေးရေးဂိတ် အဖွဲ့ခေါင်းဆောင် အကောက်ခွန် ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က ပြောပါတယ်။ ရေပူစစ်ဆေးရေးဂိတ်ကို ၁၉၉၈ခုနှစ် ကတည်းက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး သမ္မတ ဦးသိန်းစိန် လက်ထက် ၂၀၁၁ခုနှစ် ဇန်န၀ါရီလတွင် ပိတ်သိမ်းခဲ့တာပါ။ မန္တလေး - မူဆယ်နယ်စပ် ကုန်သွယ်ရေး ရေပူဂိတ်မှာ နေ့စဉ်ဖြတ်သန်းသွားလာတဲ့ မော်တော်ယဉ်စီးရေ (၃၀၀၀)မှ (၆၀၀၀)ကြား ရှိတယ်လို့ သတင်းရရှိပါတယ်။


ရုပ်သံသတင်းထောက် - မောင်တာ

Recommended