ဒုတိယခြေလှမ်းပွင့်သစ်စစီမံကိန်း ၂၀၁၅ခုနှစ်၊ဇူလိုင်လအတွင်း ထွက်ရှိဖို့ရှိနေ

  • 7 years ago
ဒီစစ်တမ်းသည် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ အဂတိလိုက်စားမှု၊ ကုပ္မဏီဖွဲ့စည်းပုံ ပွင့်လင်းမြင်သာမှု၊ လူးအခွင်းအရေး လေးစားလိုက်နာမှု၊ အလုပ်သမားများ၏ ကျန်းမာရေး၊ လုံခြုံမှုနှင့် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု စသည့်နယ်ပယ်များမှာ ပွင်းလင်းမြင်မှုရှိစေဖို့ ဖြစ်ပြီး ထိုကဏ္ဍများတွင် ပွင့်လင်းမြင်သာမှုကနေ ကုပ္မဏီတွေအနေနှင့်လည်း အကျိုးကျေးဇူးတွေရှိလာနိုင်သည်ဟု MCRB တာဝန်ရှိသူက ပြောသည်။
ထိုပွင့်သစ်စစီမံကိန်း-ပထမအကြိမ်အစီရင်ခံစာတွင် ကုမ္ပဏီပေါင်း (၆၀)အပေါ်မှာ စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။ ၂၀၁၅ခုနှစ်အတွက် နောက်ထပ်ကုမ္ပဏီ (၄၀)ထပ်တိုးပြီး စုစုပေါင်း ကုမ္ပဏီ (၁၀၀)ပါဝင်လာမှာဖြစ်သည်။
ယခုနှစ်အတွက် မေးခွန်း (၃၅) ခုဖြင့် လေ့လာသွားမှာဖြစ်ပြီး အများပြည်သူတွေနှင့် အရပ်ဖက်အဖွဲ့အစည်း များသည်လည်း ယခုပါဝင်မည့် ကုပ္မဏီ(၁၀၀)အပေါ်တွင် မကျေနပ်ချက်များ၊ တိုင်ကြားချက်များကို MRCB ၏ဝက်ဆိုဒ်ကို ပေးပို့နိုင်သည်ဟုသိရပါသည်။

Recommended