နည်းပညာကုမ္ပဏီ FPT Myanmar က နည်းပညာနှင့် လူ့သားစွမ်းအားဖွံ့ဖြိုးဖို့ ကူညီမှုများစတင်

  • 7 years ago
(ADVERTISEMENT)

ဗီယက်နမ်အခြေစိုက် နည်းပညာကုမ္ပဏီ FPT ကော်ပိုရေးရှင်းသည် ၂၀၁၃ခုနှစ်ကတည်းက FPT Myanmar ကုမ္ပဏီလီမိတက်အနေဖြင့် မြန်မာပြည်တွင်း နည်းပညာကဏ္ဍအတွက် စီးပွားရေးလုပ်ငန်းများ စတင်ခဲ့သည်။ လက်ရှိအချိန်တွင် ပြည်တွင်းရှိ ကုန်ထုတ်လုပ်ငန်းနှင့် ၀န်ဆောင်မှုလုပ်ငန်းများအတွက် နည်းပညာအကြံပေးခြင်း၊ Software အသုံးပြုခြင်းများအတွက် ပံ့ပိုးပေးလျက်ရှိသည်။
ပြည်တွင်းစီးပွားရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်နေသည့် လူသားအရင်းအမြစ်ဖွံ့ဖြိုးမှုကဏ္ဍအတွက် လေ့ကျင့်သင်ကြားပေးရေးသင်တန်းများကို ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလအတွင်း စတင်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် အဆိုပါ မြန်မာ့ ICT ကဏ္ဍနှင့် လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍအတွက် အထောက်အကူပြုရေးသင်တန်းများ ယူဆောင်လာဖို့ရှိနေသည်။ အရှေ့တောင်အာရှရှိ နည်းပညာကုမ္ပဏီများတွင် နှစ်ပေါင်း (၃၀) နီးပါးကြာမြင့်လာသည့်အထိ ရပ်တည်လာနိုင်သည့် FPT ကော်ပိုရေးရှင်းသည် မြန်မာပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အသင့်ရှိနေသည်ဟု FPT Myanmar ကုမ္ပဏီလီမိတက်က ပြောဆိုထားသည်