TASTY TRIP_ ကြေကွဲစရာသမိုင်းကြောင်းနဲ့ သံဖြူဇရပ်မြို့

  • 7 years ago
သံဖြူဇရပ်မြို့လို့ ဆိုလိုက်တာနဲ့ သေမင်းတမန်မီးရထားလမ်းရယ် ၊ ချွေးတပ်သားတွေရယ်၊ စစ်သင်္ချိုင်းရယ်ကို မြင်မိကြပါတယ်။ နာမည်ကျော် သံဖြူဇရပ်စစ်သင်္ချိုင်းကတော့ မဟာမိတ်ချွေးတပ်သားတွေအတွက် လုပ်ပေးထားတာပါ။ တကယ်တော့ သမိုင်းမှာ အမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ သေမင်းတမန် မီးရထားလမ်းဖောက်စဉ်က မြန်မာချွေးတပ်သား ၈ သောင်းကျော်လောက်ရဲ့ လုပ်အားတွေ၊ သွေးတွေ၊ ချွေးတွေလည်း ပါဝင်ခဲ့ရ၊ အသက်တွေလည်း စတေးခဲ့ကြရပါတယ်။ ဒါပေမဲ့လည်း Tasty Trip အဖွဲ့ရောက်နေတဲ့နေရာမှာတော့ မြန်မာချွေးတပ်သားတွေအတွက် ပြုလုပ်ထားတဲ့ အထိမ်းအမှတ်ကျောက်စာတိုင်လေးတစ်ခုရယ် လွမ်းစေတီလေးရယ်ကိုပဲ တွေ့ရပါတယ်။

Recommended