နိုင်ငံ၏ ကြိမ်ဝါးအချောထည်လုပ်ငန်း ကျဆင်းလာတာ ၁၀ နှစ်လောက်ရှိပြီဟု ဆို

  • 7 years ago
မြန်မာနိုင်ငံ၏ ကြိမ်နှင့်ဝါးလက်မှုအချောထည်ပစ္စည်းများထုတ်လုပ်ပြီး နိုင်ငံခြားတင်ပို့သည့် ဈေးကွက် ထင်သလောက်တိုးတက်ခြင်းမရှိဘဲ လွန်ခဲ့သည့် ၁၀နှစ်နောက်ပိုင်း ကျဆင်းလာနေသည်ဟု ကြိမ်ဝါးလုပ်ငန်းရှင်များအသင်း ဒုတိယဥက္က ဦးတင်ဦးက မဇ္ဈိမကို ပြောကြားလာသည်။ လွန်ခဲ့သည့်၂၀၀၀ ခုနှစ်မှ၂၀၀၄ ခုနှစ်ကြား ကာလတွေ တုန်းကဆိုရင် ကြိမ်ဝါးအချောထည်ထုတ်ကုန်တွေကို အမေရိကန်ဒေါ်လာ ၁၀ သန်းဖိုးလောက် တင်ပို့နိုင်ခဲ့ပေမယ့် ဒီဘက် ခေတ် ဘဏ္ဍာနှစ်တွေများတွင် ကန်ဒေါ်လာ ၂ သန်းကျော်ဖိုးလောက်သာ တင်ပို့ရောင်းချနိုင်တာ ဖြစ်သည်။

Recommended