ကြားဖြတ်ရွေးကောက်ပွဲ ညောင်ရွှေမြို့မှ ဒေသခံပြည်သူအချို့ မျှော်လင့်ချက်များ

  • 7 years ago
ကြားဖြတ်ရွေးကောက်ပွဲအပေါ် ရှမ်းပြည်(တောင်ပိုင်း) ညောင်ရွှေမြို့ မိုင်းသောက်ဈေးရှိ ပြည်သူများ၏ မျှော်လင့်ချက်များ
-----------------------------------
မေဖြိုးဦး (ဈေးဆိုင်ပိုင်ရှင်)
အေးအေးချမ်းချမ်း နေရရင်တော့ ကောင်းပါတယ်။ အကုန်လုံး အဆင်ပြေပြေပေါ့။ အဲ့လိုပဲနေချင်တာပေါ့။
ဦးမြင့်ဦး (ကွမ်းယာဆိုင်ပိုင်ရှင်)
ကြားဖြတ်ရွေးကောက်ပွဲမှာ အခုလစ်လပ်တဲ့နေရာကို ဝင်ရောက်မယ့် ပုဂ္ဂိုလ်ပေါ့နော် ။ ကျွန်တော်တို့ ဒီဒေသကြီးကို အကျိုးပြုဆောင်ရွက်နိုင်မယ့် လူတစ်ယောက်ဖြစ်ရင် ပိုကောင်းမယ် ဆိုတဲ့ပုံစံမျိုးနဲ့ စိတ်ဝင်စားတာပေါ့နော်။
ဦးကိုရွှေ (ကွမ်းရွက်ဆိုင်ပိုင်ရှင်)
ကောင်းမယ့်လူ တက်လာရင်တော့ ကျွန်တော်စိတ်ဝင်စားတာပေါ့ဗျာ။ မကောင်းဘူးဆိုတာက ရွေးပြီးမှတော့ မကောင်းဘူးဆိုရင်လဲ ကျွန်တော်တို့ရဲ့ကံပေါ့ဗျာ။
မစုစုလှိုင် (အထည်ဆိုင်ပိုင်ရှင်)
ကိုယ့်ဒေသကို ကိုယ့်နေရာကို ဖွံ့ဖြိုးရေး တိုးတက်အောင် လုပ်ပေးဖို့ အစစအရာရာပေါ့နော်။ စီးပွားရေး လူမှုရေး အဲ့လိုတွေပဲ မျှော်လင့်ထားပါတယ်။

Recommended