Speech by Migrant Worker

  • 7 years ago
၂၀၁၅ ရွေးကောက်ပွဲ ရလဒ်ကို တရားဝင် မကြေငြာသေးပေမယ့် လက်ရှိ ထုတ်ပြန်တဲ့ မဲစာရင်းတွေအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက မဲအများဆုံး အနိုင်ရတဲ့အပေါ် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေက ကျေနပ် အားရနေကြပါတယ်။ NLD ပါတီအပေါ် သူတို့ရဲ့ ယုံကြည် မျှော်လင့်ထားတွေကို ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား စုစုပေါင်း ၄ သန်းကျော်ရှိတဲ့အနက် ဦးရေ နှစ်ရာ ကျော်သာ မဲပေးနိုင်ခဲ့ကြောင်း ဘန်ကောက်အခြေစိုက် မြန်မာသံရုံး စာရင်းအရ သိရကြောင်းပါ။