DVB - နေ့စဉ် မိုးလေ၀သ ခန့်မှန်းချက်

  • 8 years ago
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ မုတ်သုံလေအားအသင့်အတင့်ကနေ အားကောင်းနေပါတယ်။ကျန်ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားနည်းနေပါတယ်။ မြန်မာနိုင်ငံပေါ်မှာကတော့ တောင်ပိုင်းဒေသတွေမှာ တိမ်ထူထပ်နေပါတယ်။ ကျန်ဒေသတွေမှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါတယ်။ လေတိုက်ခတ်နိုင်မှုကတော့ ရခိုင်ကမ်းရိုးတန်းမှာ တစ်နာရီ ၈ မိုင်- ၁၂ မိုင်၊ ကျန်ကမ်းရိုးတန်းဒေသတွေမှာ တစ်နာရီ ၁၅ မိုင်-၁၇ မိုင်နှုန်းရှိနိုင်ပါတယ်။

တင်ဆက် - ယွန်းရတီ
DVB TV - 15.09.2016

Recommended