DVB - ရခိုင်ပြည်နယ်အရေး ဖြေရှင်းရေး ဦးဇာဂနာနှင့် မေးမြန်းချက်
  • 8 years ago
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဌ ကိုဖီအာနန် ဦးဆောင်တဲ့ အဖွဲ့က ဒီနေ့ ရခိုင်ပြည်နယ်ကို ရောက်ရှိနေပါပြီ။ အစိုးရသစ်လက်ထက်မှာ ပြည်တွင်းပြည်ပက ပုဂ္ဂိုလ်တွေနဲ့ အသစ်ပြန်ဖွဲ့စည်းလိုက်တဲ့ ဒီအဖွဲ့ဟာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပြီး အထူး ဆောင်ရွက်သွားမယ်လို့ ပြောထားသလို တဖက်မှာ ဝေဖန်မှုတွေလဲ ရှိနေပါတယ်။

အဲ့ဒီတော့ မြန်မာနိုင်ငံရဲ့ အခက်ခဲဆုံးသော ပြသနာတစ်ခုအနေနဲ့ရှိနေတဲ့ ရခိုင်ပြည်နယ်ကိစ္စကို အခု ဒီရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဟာ သူတို့ ရည်မှန်းထားသလို တကယ်ပဲ ဖြေရှင်းနိုင်မလား ဆိုတာကို အရင် အစိုးရလက်ထက်က ဖွဲ့စည်းခဲ့တဲ့ ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်း စစ်ဆေးရေးကော်မရှင်အဖွဲ့မှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ဦးဇာဂနာကို မေးမြန်းထားပါတယ်။

DVB TV - 06.09.2016