DVB - NCA လက်မှတ်မထိုးရင် နောင်ပိုင်းပြုလုပ်မယ့် ငြိမ်ချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့် ရမှာမဟုတ်ဟု ဆို

  • 8 years ago
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် (NCA)မှာ လက်မှတ်မရေးထိုးရင် နောင်ပိုင်းပြူလုပ်မယ့် ငြိမ်ချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့် ရမှာမဟုတ်ဘူးလို့ ၂၁ ရာစု ပင်လုံ ညီလာခံကျင်းပရေးကော်မတီရဲ့ စက်တင်ဘာ ၂ ရက်နေ့ ညနေပိုင်းက ပြူလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ ညီလာခံက ဆွေးနွေးတင်ပြချက်တွေ အန်စီအေ လက်မှတ်ရေးထိုထားတဲ့အဖွဲ့ တွေကပဲ အမျိုးသားအဆင့် ဆွေးနွေးပွဲတွေမှာ ပါဝင်ခွင့်ရမှာဖြစ်ပါတယ်။ အမျိုးသားအဆင့် ဆွေးနွေးပွဲမှာ ညီလာခံက တင်သွင်းလာတဲ့ စာတမ်းတွေကို တူတာတွေစုပြီး ၀ိုင်းဝန်းဆွေးနွေး ဆုံးဖြတ်ကြမှာဖြစ်ပါတယ်။

ရိုက်ကူး - ကျော်ဇေယျာဝင်း
DVB TV - 02.09.2016