DVB Debate news clip: "There is no incentive to pay tax" (Burmese)

  • 8 years ago
ဒီတစ်ပတ် ဒီဗီဘီအခြေအတင်ငြင်းခုံဆွေးနွေးပွဲအစီအစဉ်မှာတော့ အခွန်စည်းကြပ်ခြင်းဟာ ဒီမိုကရေစီလမ်းစဉ်ဆီကို ဦးတည်ပါသလားလို့ မေးခွန်းထုတ်ထားပါတယ်။
အရင်စစ်အစိုးရလက်ထက်က ညံ့ဖျင်းတဲ့ဘဏ္ဍာရေးစီမံမှုအလေ့အထတွေဟာ မြန်မာနိုင်ငံမှာ အခွန်ရှောင် တိမ်းမှုတွေကို အကြီးအကျယ်ဖြစ်စေခဲ့ပါတယ်။ ဥပဒေအရအရေးယူခြင်း၊ တာဝန်ခံခြင်းမရှိတဲ့အပြင် လာဘ်ပေးလာဘ်ယူခြင်းနဲ့ အကျင့်ပျက်ခြစားခြင်းတို့ကြောင့် အခွန်ထမ်းလုပ်ငန်းရှင် တစ်ဝက်ကျော်ကျော် ကို အခွန်ရှောင်ဖို့ အခွင့်အရေးပေးလိုက်သလိုဖြစ်သွားခဲ့ပါတယ်။