ရော်နယ်ဒိုရဲ့ပင်နယ်တီလွဲပြီး သရေကျခဲ့လို့ ပေါ်တူဂီ ပရိတ်သတ်တွေ စိတ်ပျက်လက်ပျက်

  • 8 years ago
ပထမဆုံးအနေနဲ့ ယူရိုပြိုင်ပွဲနဲ့ ပက်သက်တဲ့ သတင်းအကျဉ်းတွေကို တင်ဆက်ပေးသွားမှာပါ။
တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ ပင်နယ်တီလွဲပြီး သရေကျခဲ့လို့ ပေါ်တူဂီ ပရိတ်သတ်တွေ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ပါတယ်။ ပေါ်တူဂီဟာ သြစတြီးယားနဲ့ အုပ်စု ဒုတိယပွဲစဉ်မှာ ဂိုးမရှိ သရေကျခဲ့ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒို ပင်နယ်တီ ကန်သွင်းခွင့် ရပေမယ့် လွဲချော်ခဲ့လို့ အနိုင် ၃ မှတ် ဆုံးရှုံးခဲ့ပါတယ်။ ပင်နယ်တီ လွဲသွားတဲ့အချိန်မှာ ကွင်းထဲမှာရှိတဲ့ သြစတြီးယား ပရိတ်သတ်တွေက ရော်နယ်ဒိုရဲ့ ပြိုင်ဖက် အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီရဲ့ နာမည်ကို ရွတ်ဆိုရင်း လှောင်ပြောင်ခဲ့ပါတယ်။ ပေါ်တူဂီ ပရိတ်သတ်တွေဟာ သူတို့အသင်း ၂ မှတ်ပဲ ရသေးလို့ အုပ်စုကနေ လှည့်ပြန်ရမှာကိုလည်း စိုးရိမ်နေပါတယ်။ တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပေါ်တူဂီအတွက် ပွဲပေါင်း ၁၂၈ ပွဲပြည့်လို့ ဂန၀င် ကစားသမားကြီး လူးဝစ် ဖီဂို တင်ထားတဲ့ စံချိန်ကို ချိုးနိုင်ခဲ့ပါတယ်ရှင်။