U Tin Oo on Rohingya #BAYDA Institute #Myanmar #Yangon

  • 10 years ago
#ဦးတင်ဦး ပြောပြီ ၂၂-၃-၂၀၁၄ မနက် ၁၀ နာရီက #Bayda Institute ရဲ့ နိုင်ငံရေးတည်ဆောက်မှုသင်တန်း အမှတ်စဉ် ၄ သင်တန်းဆင်းပွဲ နဲ့ သင်တန်းဆင်းလက်မှတ်များပေးအပ်ပွဲ ကို ရန်ကုန်မြို့၊သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့Bayda Institute မှာပြုလုပ်ခဲ့ပါတယ်။ NLD နာယကကြီး ဦးတင်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ရာမှာ လွန်ခဲ့တဲ့ရက်ပိုင်းက ဘင်္ဂလားဒေ့ရှ်သတင်းစာတစ်စောင်မှာပါရှိခဲ့တဲ့ ရခိုင်ပြည်နယ်က မောင်တော နဲ့ စစ်တွေ မြို့တွေကို Referendumပြုလုပ်ပြီး စစ်တကောင်းနဲ့ပူးပေါင်းသင့်တယ် လို့ ဖေါ်ပြချက်ကို တုန့်ပြန်ဝေဖန်မှုတွေနဲ့ ရှင်းပြခဲ့ပါတယ်ဦးနေဝင်းလက်ထက်ကစစ်ဦးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရတင်ဦး အနေနဲ့မူဂျာဟစ် ကျူးကျော်သူတွေရဲ့ရန်ကိုဘယ်လိုကာကွယ်ခဲ့တယ် ဆိုတာရယ် အဲဒီ မူဂျာဟစ် ဆိုတာကွယ်ပျောက်ခဲ့ပြီးမှ ယခု ရိုဟင်ဂျာဆိုတဲ့ ပြည်ပသွေးထိုးလှုံ့ဆော်မှုတွေနဲ့ထပ်မံကျူးကျော်နေတာတွေကို တိုင်းရင်းသားတွေသတိရှိကြဖို့ပြောဆိုခဲ့ပါတယ်။ ရိုဟင်ဂျာ လို့ဖြစ်ပေါ်လာပုံကိုရှင်းပြရာမှာ ရခိုင် ရိုးရာအရ ရှေးကထဲကအတူနေထိုင်ခဲ့ကြသူတွေကို ရဟောင်းသား(ရွာဟောင်းသား)၊ရွာဟောင်းတွင်အတူနေသူများ၊ု ရခိုင်သံဖြင့် ရဟောင်းဂျားလို့ခေါ်လာတာကို ကျူးကျော်သူတွေက ရိုဟင်ဂျာ ဟုခေါ်ဝေါ်လာကြခြင်းသာဖြစ်ပြီး ရိုဟင်ဂျာ ဟူသောတိုင်းရင်းသားမြန်မာနိုင်ငံတွင်လုံးဝမရှိခဲ့ကြောင်းပြတ်သားစွာပြောဆိုခဲ့ပါတယ်။ Video credit to: Ko Win Maw (Shwethanzin)

Recommended